Taehyungမျက်နှာနုနုပေါ်ကို မနက်ခင်းနေရောင်ခြည်ကတစ်စတစ်စနေရာယူလာသည်နှင့်အမျှ မျက်လုံးတို့ပွင့်လာပြီး လစ်ဟာနေတဲ့ခံစားချက်ကြောင့်ဘေးကိုကြည့်လိုက်တော့hyungရှိမနေ။
မကျွမ်းကျင်တဲ့နယ်မြေရောက်နေသည်ကတစ်ကြောင်း ညကအိပ်မက်မကောင်းသည်ကတစ်ကြောင်းကြောင့် အနည်းငယ်ထိတ်လန့်သွားသောစိတ်နဲ့ကုတင်ပေါ်မှထထိုင်လိုက်တော့ ဘေးကtable lampပေါ်တွင်ကပ်ထားသောnoteလေးတွေ့လိုက်သည်။[Tae/
Hyungအလုပ်ကိစ္စတစ်ခုချိန်းထားလို့အပြင်ခဏသွားတယ် နိုးလာရင်ေရချိုးပြီး dining roomကိုဖုန်းဆက်လိုက်နော် hyung breakfastမှာထားပေးပြီးသား အဲ့ဒါလာပို့ခိုင်းလိုက်ရုံပဲ ပြီးရင်အပြင်သွားဖို့ပြင်ထား သွားစရာရှိတယ် hyung10နာရီအရောက်ပြန်လာခဲ့မယ်
/Tae's]ဘဝမှာဘယ်သူ့ဆီကမှမရဖူးသောနွေးထွေးမှုမျိုးကိုhyungဆီမှသူအကြိမ်ကြိမ်ရခဲ့သည်။ ရုပ်ရည်ဖြောင့်လှသောHyungနားမှာဝိုင်းဝိုင်းလည်နေသည့်မိန်းမချောများကြားထဲမှ သူ့လိုမက်စရာဘာမှမရှိသောယောက်ျားလေးတစ်ယောက်ကိုချစ်ပေးခဲ့သည်။ ရင်ထဲမှတစ်လှိုက်လှိုက်တက်လာသောကြည်နူးမှုနှင့်Taehyungမနက်ခင်းကိုစတင်ခဲ့သည်။
"Hello! 901ကို breakfastပို့လို့ရပါပြီ"
°°°°°°°°°
Breakfastလာပို့ပြီးလို့စားလို့တောင်ပြီးသွားပြီ hyungကအခုထိအရိပ်ပင်မမြင်ရသေးပါ..
Knock! Knock!
ဟင်..hyungပဲဖြစ်ရမည် လူကိုပြင်ဆင်ခိုင်းထားပြီးသူကဘယ်ကမ္ဘာတွေသွားနေမှန်းမသိ။ ဒီတစ်ခါတော့စိတ်ကောက်ပစ်ရမည်။
"Hy.. Hyungတို့" "ဒီကိုဘယ်လို.."
တံခါးဖွင့်ပြီးမှမြင်လိုက်ရတာTaehyungရဲ့Hoseokie hyungမဟုတ်နေ။
"Taehyung'ah ရှာလိုက်ရတာကွာ" "ဥက္ကဌအရမ်းစိတ်ပူနေပြီ hyungတို့နဲ့ပြန်လိုက်ခဲ့တော့နော်"
"လိမ်နေတာ hyungလိမ်နေတာ ဒယ်ဒီကကျွန်တော့ကိုလုံးဝစိတ်ပူမှာမဟုတ်ဘူး"
Taehyungတုန်တုန်ရီရီနှင့်ပြန်ပြောမိသည် သူနောက်တစ်ကြိမ်ထောင်နှင့်တူသောအိမ်ထဲပြန်မသွားချင်တော့ပါ..နာရီကိုလှမ်းကြည့်မိသည်..
YOU ARE READING
𝑵𝒆𝒗𝒆𝒓 𝑵𝒐𝒕
Fanfictionကိုယ်နဲ့မတန်တာမို့ တန်ဖိုးရှိတဲ့ကလေးရဲ့အချစ်တွေကိုပြန်သိမ်းထားလိုက်ပါ #JungHoseok ခင်ဗျားဘယ်လိုလူဖြစ်ဖြစ် ချစ်တာမို့မျက်စိစုံမှိတ်ပြီးအရူးလုပ်ခံနေဦးမှာ #KimTaehyung JHS×KTH