Part.9

423 50 12
                                    

လက်ဖဝါးဆီမှတစ်ဆင့်ကိုယ်ထဲစီးဝင်လာ‌သောအနွေးဓာတ်ကြောင့်Taehyungသတိရလာသည်..

မျက်လုံးတို့ဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်ကမျက်ရည်ကြည်များဝေ့ဝဲနေသောမျက်ဝန်းအစုံနှင့်ချစ်ရသူ..

"Hyung.."

Taehyungအားကုန်သုံးပြီးခေါ်လိုက်သည်။သူ့လေသံတိုးတိုးကိုhyungကြားမှကြားပါ့မလား။

အထင်နှင့်လွဲမှားစွာhyungကချက်ချင်းမော့ကြည့်လာသည်။

"Tae..ကလေးလေးသတိရလာပြီလား..နေသာရဲ့လားကလေးဟင်..ဘယ်နားနာနေလဲ"

"ဒီနား.."
Taehyungကသူ့ဝဲဘက်ရင်အုံလေးကိုဖွဖွ‌ပုတ်ပြပြီးပြောလိုက်သည်။

"Hy..Hyungတောင်းပန်ပါတယ်ကလေးရယ် မြန်မြန်ပြန်ခဲ့ရမှာကို Hyungသာမြန်မြန်ပြန်ရောက်လာရင်ကလေးဆီမှာဒီလိုတွေဖြစ်မှာမဟုတ်ဘူး"

"ဒါဆို‌..တောင်းပန်တယ်ဆိုရင် ကျွန်တော့ကိုဖက်ထားပေး"

Hoseokချက်ချင်းပင်ကုတင်ပေါ် တင်လွှဲထိုင်လိုက်ပြီး Taehyungကိုယ်လေးကိုအသာမကာရင်ခွင်ထဲထည့်လိုက်သောအခါTaehyungရဲ့ကျောပြင်လေးကHoseokရင်ခွင်ထဲတွင်အံဝင်ခွင်ကျပင်ရှိနေသည်။

အတန်ကြာအောင်တိတ်ဆိတ်နေခဲ့ပြီးမှ တစ်သိမ့်သိမ့်တုန်လာသောကိုယ်လေးကြောင့်ရင်ခွင်ထဲကအကောင်ပေါက်လေးငိုနေပြီဆိုတာသိလိုက်သည်။

"Tae..ဘာလို့ငိုနေတာလဲ ဟင် Hyungရှိနေပြီလေ ဘာမှမဖြစ်တော့ဘူးနော် မကြောက်နဲ့"

ချော့ကာမှပင်ပို၍တုန်လာပြီးရှိုက်သံ‌လေးများပါထွက်လာတာမို့Taehyungကိုယ်လေးကိုအသာလှည့်ယူပြီးမျက်နှာလေးကိုမော့စေသောအခါအားငယ်ရိပ်များသန်းနေသောမျက်ဝန်းလေးများကရင်ကိုနာစေသည်။

"Hyungနဲ့..hyungနဲ့ခွဲရတော့မယ်ထင်‌နေခဲ့တာ။ hyungကိုမတွေ့လိုက်ရပဲအဲ့အိမ်ကိုပြန်သွားရတော့မယ်ထင်ခဲ့တာ..ကျွန်တော်လေ..ကျွန်‌တော်အဲ့အိမ်ကိုထပ်မသွားချင်ဘူးhyungရယ်.."

ကလေးငယ်ကအဲ့နေရာကိုအဲ့လောက်တောင်ကြောက်နေခဲ့တာလား..ကလေးငယ်ရဲ့ဒီပုံရိပ်ကHoseokအတွက်‌တော့အိပ်မက်ဆိုးတမျှပင်။

𝑵𝒆𝒗𝒆𝒓 𝑵𝒐𝒕Where stories live. Discover now