"မင်းတို့တွေ ဒီဘယ်မှမသွားတတ်မလာတတ်တဲ့ကောင်လေးတစ်ယောက်ကိုရှာတာတောင် 1လကျော်ကြာတဲ့ထိသတင်းမထူးတာ ဘယ်လောက်စောက်သုံးမကျလိုက်သလဲ ဟမ်!"
တော်လှပါသည်ဆိုသောတပည့်2ဦးအား တခြားအလုပ်ကိစ္စတွေအားလုံးနားခိုင်းပြီး Taehyungတစ်ယောက်ကိုသာရှာခိုင်းထားသော်လည်း 1လကျော်ကြာမြင့်သည့်တိုင် သတင်းမထူးသဖြင့် Kim Jeon စိတ်တိုမှုဒီဂရီအမြင့်ဆုံးသို့ရောက်နေသည်။
"ကျွန်တော်တို့လည်း သခင်လေးသွားနိုင်တဲ့နေရာမှန်သမျှလိုက်ရှာကြည့်ပြီးပါပြီဥက္ကဋ္ဌ"
"ကျွန်တော်တို့လေဆိပ်အဝင်အထွက်စာရင်းတွေထိလိုက်ကြည့်ပြီးပါပြီ"
"သေချာတာတော့သခင်လေး ဒီနိုင်ငံထဲမှာပဲရှိပါသေးတယ်""အေး ဒီနိုင်ငံထဲမှာပဲရှိနေတဲ့ကောင်လေးကိုရှာရတာဒီလောက်ခက်သလား ဟမ်!?"
"မင်းတို့ကိုငါအရေးကြီးအလုပ်တွေတောင်နားထားပြီး Taehyungကိုပဲလိုက်ရှာခိုင်းထားတာ
မင်းတို့ဘယ်လောက်စောက်သုံးမကျလဲဆိုတာအခုပေါ်လာတာပဲ""ဥက္ကဋ္ဌ ကျွန်တော်တို့လည်းကြိုးစားရှာနေပါတယ် ဒါပေမဲ့သခင်လေးပုန်းတဲ့နေရာကလုံခြုံလွန်းနေတော့.."
"တော်စမ်း!! လုံတာတွေမလုံတာတွေငါစိတ်မဝင်စားဘူး ငါ့သားကိုပဲအခုပြန်လိုချင်တယ်"
"မတော်၍များငါရှာမတွေ့ခင် Min Yoongiလူတွေငါ့မှာသားရှိတာသိသွားရင် Taehyungအတွက်အန္တရာယ်များလာနိုင်တယ်""ဥက္ကဋ္ဌ ကျွန်တော့်အထင်တော့သခင်လေးကိုကူညီထားတဲ့လူရှိလိမ့်မယ်"
"ကျောင်းပြီးကတည်းက ဘယ်မှမသွားရလို့ သခင်လေးကနယ်မြေမကျွမ်းပါဘူး"တစ်ချိန်လုံးငြိမ်နေသော Seokjinထပြောလိုက်သောအခါမှ Namjoonကသတိရသွားပြီး..
"ဟုတ်လိမ့်မယ်ဥက္ကဋ္ဌ ကျွန်တော်တို့သခင်လေးကိုလိုက်ဖမ်းရင်းမျက်ခြေပျက်သွားတဲ့နေရာမှာ ကားတစ်စီးအမြန်မောင်းသွားတာတွေ့လိုက်တယ်"
Namjoonက ပြောသောအခါ Seokjinက..
"ကျွန်တော်တို့ထင်တာမမှားဘူးဆိုရင် အဲ့လူသခင်လေးကိုခေါ်ထုတ်သွားတာဖြစ်လိမ့်မယ်"
YOU ARE READING
𝑵𝒆𝒗𝒆𝒓 𝑵𝒐𝒕
Fanfictionကိုယ်နဲ့မတန်တာမို့ တန်ဖိုးရှိတဲ့ကလေးရဲ့အချစ်တွေကိုပြန်သိမ်းထားလိုက်ပါ #JungHoseok ခင်ဗျားဘယ်လိုလူဖြစ်ဖြစ် ချစ်တာမို့မျက်စိစုံမှိတ်ပြီးအရူးလုပ်ခံနေဦးမှာ #KimTaehyung JHS×KTH