Part 10

631 48 12
                                    

တံခါးသံခပ်တိုးတိုးနဲ့ မရှေးမနှောင်း အိကနဲဖြစ်သွားတဲ့ကုတင်စွန်းကြောင့် Hoseokပြန်လာပြီဆိုတာ Taehyungသိလိုက်ပါသည်။

မကြာလှတဲ့မိနစ်ပိုင်းလေးအတွင်း ခါးပေါ်နေရာယူလာတဲ့ လက်တစ်ဖက်နဲ့တစ်ပြိုင်တည်း Taehyungကျောပြင်လေးနွေးကနဲဖြစ်သွားသည်။

Hoseokက Taehyungဆံပင်ထူထူတွေကို ထုံးစံအတိုင်းဖွဖွနမ်းသည်။ Taehyungကကိုယ်ကိုလှည့်ပြီး ပြန်ဖက်ထားလိုက်တော့ အနမ်းဖွဖွတွေကိုရပ်ပြီး Hoseokကအားနာစကားဆိုလာသည်။

"Sorry ကလေး ကိုယ့်ကြောင့်နိုးသွားတာလား"

ကျွန်တော့Hyungကတကယ်ကို ချစ်ဖို့ကောင်းလွန်းပါသည်။

"ကျွန်တော့မှအိပ်မနေတာ ဒီတိုင်းခဏမှေးနေတာ"

"အိပ်ချင်နေသေးလား ဒါမှမဟုတ် စိတ်လန်းသွားအောင် လမ်းလေးဘာလေးထွက်လျှောက်မလား"

"လမ်းပဲသွားလျှောက်ရအောင် ကျွန်တော်လေညှင်းခံချင်တယ်"

"ဟုတ်ပါပြီဗျာ သခင်လေးသဘောအတိုင်းဖြစ်စေရပါမယ်"

•••••••••••••••••••••••••

"Hyung ဘာလို့ လှည့်ကြည့် လှည့်ကြည့်လုပ်နေတာလဲ ပြောစရာရှိရင်ပြောလေ"

အကယ်၍စိတ်များရှုပ်နေရင် ဆိုပြီး စိတ်ပူလို့ မျက်နှာလေးအကဲခတ်နေတာကို ကိုယ်တော်လေးကသိတယ်ထင်ရဲ့

"ကလေးများ စိတ်ရှုပ်နေလားလို့လေ ဘယ်လိုလုပ်ပေးရင်ကောင်းမလဲလို့ စဉ်းစားနေတာ"

ထယ်ယောင်းက ဖြည်းဖြည်းလျှောက်နေတဲ့ခြေလှမ်းတွေကိုရပ်ပြီး ဟိုဆော့ကိုအတန်ကြာမော့ကြည့်နေသည်။

ထယ်ယောင်းရဲ့ ဒီလိုမျက်လုံးတွေကို ဟိုဆော့မမြင်ဖူးပါ၊ နာကျင်ရိပ် ဝမ်းနည်းရိပ် အားနာရိပ် ကြောက်ရွံ့ရိပ်တွေ ပေါင်းပြီးရီဝေနေတဲ့ ဒီမျက်လုံးတွေက ဟိုဆော့ကိုစိတ်ပူစေသည်။

ဟိုဆော့ကထယ်ယောင်းရဲ့ပုခုံးနှစ်ဖက်ကို ကိုင်ပြီး သူ့ထက်အနည်းငယ်အရပ်နိမ့်တဲ့ထယ်ယောင်းနဲ့အညီ ဒူးကိုညွတ်လိုက်ကာ ထယ်ယောင်းကိုကြည့်ပြီးပြောသည်။

You've reached the end of published parts.

⏰ Last updated: Oct 15, 2020 ⏰

Add this story to your Library to get notified about new parts!

𝑵𝒆𝒗𝒆𝒓 𝑵𝒐𝒕Where stories live. Discover now