"Taeရေ မြန်မြန်လုပ်နော် လေယာဉ်နောက်ကျတော့မယ်""Hyung ပစ္စည်းတွေတင်တာတောင်ပြီးတော့မယ်"
"Nae hyung လာပြီလာပြီ"
ပစ္စည်းတွေအကုန်ကားပေါ်တင်ပြီးတာတောင် ဆင်းမလာသေးသောTaeကိုခေါ်ရန်အိမ်ထဲပြန်အဝင်တွင် လှေကားပေါ်မှအရုပ်(အမွှေးပွ)တွေလက်တစ်ပွေ့စာအပြည့်ပိုက်ပြီး မနိုင်မနင်းဆင်းလာသောကလေးငယ်ကိုကြည့်ပြီးတစ်ချက်ခွိကနဲဖြစ်သွားတော့ မျက်စောင်းရေးရေးလေးပေးလာသောကလေးငယ်ကချစ်ဖို့ကောင်းလှသည်။
"ဘာရီတာလဲ hyungနော်"
"ချစ်ဖို့ကောင်းလို့ပါ ဒီလောက်အရုပ်တွေနဲ့ဘာလုပ်မလို့လဲကလေးရဲ့"
အရုပ်တွေကူသယ်ပေးရင်းမေးလိုက်တော့ ကလေးကအထှာလေးနှင့်ပြောလာသည်
"Hyungကလည်း ၂ပတ်တောင်လေခရီးက"
"အင်းလေ အဲ့တော့ဘာဖြစ်လဲကလေးရဲ့ ဒီအရုပ်တွေနဲ့ဆော့ဉီးမှာလား"
"မဆော့ပါဘူး ကျွန်တော့အတွက်အဖော်ပေါ့ Hyungကဟိုရောက်လည်း အလုပ်တွေပဲလုပ်နေမှာလေ ကျွန်တော့ကိုအချိန်သိပ်ပေးနိုင်မှာမှမဟုတ်တာ" "ကျွန်တော်ကပျင်းနေမှာပေါ့"
ဟော..သူ့ကိုအချိန်ပေးရန်အထှာလေးနှင့်လှည့်ပတ်ပြောလာသောကျွန်တော့ကလေးငယ်ဟာတကယ်ကိုလူလည်လေးပင်
အရုပ်တွေကိုကားပေါ်တွင်နေရာချလို့ပြီးတော့ နောက်တွင်ရပ်စောင့်နေသောTaeကိုဖက်လိုက်ပြီး
"ကိုယ်ကTaeကိုပစ်ထားမယ်ထင်လို့လား"
အလုပ်ကိစ္စကြောင့်သွားရမည့်ခရီးဖြစ်သောကြောင့်Taeကသူ့ကိုဂရုမစိုက်မှာစိုးရိမ်နေသည်ထင်သည်။
ရင်ခွင်ထဲမှခေါင်းလေးငြိမ့်ကာအဖြေပေးလာသောကလေးကိုခေါင်းလေးမော့စေပြီးနဖူးလေးကိုဖွဖွနမ်းကာ
"ကိုယ့်အတွက်Taeကအရေးအကြီးဆုံး ဒီခရီးကိုလည်းTaeကိုခေါ်လို့ရလို့ကိုယ်လက်ခံခဲ့တာ"
"တကယ်တော့အလုပ်ကိစ္စကအဲ့လောက်မများဘူး ၂ရက်လောက်ဆိုပြီးတယ်" "Taeနဲ့အတူအေးဆေးrelaxလုပ်ချင်လို့2ပတ်planဆွဲလိုက်တာကလေးရဲ့" "ဒါတောင်ကိုယ်ကပစ်ထားမဲ့လူလို့ထင်နေသေးတာလား"
YOU ARE READING
𝑵𝒆𝒗𝒆𝒓 𝑵𝒐𝒕
Fanfictionကိုယ်နဲ့မတန်တာမို့ တန်ဖိုးရှိတဲ့ကလေးရဲ့အချစ်တွေကိုပြန်သိမ်းထားလိုက်ပါ #JungHoseok ခင်ဗျားဘယ်လိုလူဖြစ်ဖြစ် ချစ်တာမို့မျက်စိစုံမှိတ်ပြီးအရူးလုပ်ခံနေဦးမှာ #KimTaehyung JHS×KTH