Part 4.

472 59 7
                                    

Taehyungကိုယ့်စိတ်ကိုနားမလည်နိုင်ပေ။ လမ်းမှာချက်ခြင်းတွေတဲ့လူကိုဒီလောက်ထိယုံကြည်ပြီးအားကိုးမိနေတာ။

ဒီလူကိုသူအရင်ကလည်းတစ်ခါမှမမြင်ဖူးမရင်းနှီးဖူးပေ။ သို့သော်သူထွက်ပြေးလာပြီးအဖမ်းခံရခါနီးကပ်သီးလေးတွင် ဘော်ဒီဂတ်2ယောက်အားခြေရာဖျောက်နိုင်ခဲ့ပြီးနောက် အလွန်ပင်ပန်းကာရှေ့ဆက်မပြေးနိုင်တော့သည်အချိန်တွင် သူ့မျက်စိရှေ့သို့ပေါ်လာသော တစ်ဦးတည်းသောလူသား။

ထိုလူဆီသွားရန်အားတင်းလိုက်သော်လည်း စိတ်နောက်ကိုယ်မပါနိုင်လောက်အောင်မောပန်းနေသောကြောင့်သတိလစ်လုနီးနီးတွင်ပင် ကိုယ့်ခန္ဓာကိုယ်ကိုထွေးပွေ့ပေးလိုက်သောရင်ခွင်နွေးနွေးတစ်ခုနှင့် ကိုယ့်ကိုကြည့်နေသောယုံကြည်လို့ရနိုင်လောက်မည့်မျက်ဝန်းတစ်စုံ။

ဟုတ်လောက်သည်။ ထိုအရာနှစ်ခုကြောင့်Taehyung သူ့ကိုအားကိုးမိသွားတာဖြစ်မည်။ အခုဆို hyungကသူ့ကို နေစရာအခန်းအထိပါပြင်ဆင်ပေးခဲ့သည်။ ကိုယ့်ညီငယ်အရင်းလေးအတိုင်းပင်ဂရုစိုက်ပေးခဲ့သည်။

ညီငယ်......အင်းပေါ့ သူကhyungအတွက်တော့ချစ်စရာကောင်းတဲ့ညီငယ်လေးတစ်ယောက်ပေါ့။ Hyungကသူ့အကြောင်းသိရသည့်နေ့ကစပြီး သနားတာကြောင့်လားမသိ မျက်နှာမညှိုးရအောင် လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးခဲ့သည်။ Taehyungကသာ hyungရဲ့ဂရုစိုက်ပေးမှုတွေအပေါ်အရောင်ဆိုးပြီးသာယာမိနေတာ။

Taehyung Hoseokအပေါ်ထူးဆန်းသည့်ခံစားချက်ရှိနေသည်ကို မကြာသေးသည့်Christmasညကစသိခဲ့ခြင်းဖြစ်သည်။ ထိုရက်သည် Taehyung Hoseok အိမ်တွင်လိုက်နေတာတစ်လပြည့်သောရက်လည်းဖြစ်သည်။

°°°°°°

ထိုနေ့က Hoseokအိမ်မှာပင် Christmas partyလုပ်ဖြစ်သည်။ Arjuma ကလည်းမိသားစုနှင့်အတူရှိချင်သည်ဆိုသောကြောင့် Hoseokနှင့် Taehyung နှစ်ယောက်သာ အဆင်ပြေသလိုကြည့်လုပ်ရသည်။

" Tae ကိုယ်တို့ Christmas treeကိုအရင်လုပ်ကြရအောင် ပြီးမှစားသောက်ကြမယ်လေ" "ဖြစ်လား"

"nae သဘောလေ hyung"

"ဒါဆို Taeက မီးလုံးတွေဘာတွေတက်ချိတ်လိုက်နော် ကိုယ်ကအောက်ကနေကမ်းပေးမယ်"
"အမြင့်မတက်ရဲလို့..ဟီး"

Hyungကတည်ကြည်ပေမဲ့ တခါတလေဆိုတကယ့်ကလေးလေးနှင့်တူသည်။

Taehyung လှေကားနှင့်မီးလုံးတွေတက်ချိတ်နေတုန်း ရုတ်တရက်မီးပျက်သွားသည်။

"ဟင်!!hyung hyung!  ရှိတယ်မလားဟင် ကျွန်တော့ကိုမြန်မြန်ချပေး ကြောက်တယ်!!"

"Tae ကိုယ်ဒီမှာရှိတယ် မကြောက်နဲ့နော် ခဏပဲပျက်မှာပါ အခုကိုယ်လည်းဘာမှမမြင်ရလို့ ချပေးလို့မရ.."

ဒုန်း!!

"အ!.."

Taehyungမှာ အယောင်ယောင်အမှားမှားနှင့်ခြေချော်ပြီး နှစ်ယောက်လုံးကြမ်းပြင်နှင့်မိတ်ဆက်သွားသည်။

ဖလက်!!

ထိုအချိန်မီးပြန်လာ၍လင်းသွားသောအခါ Taeက Hoseokရင်ဘတ်ပေါ်ရောက်နေပြီး HoseokကTaeကိုပက်လက်လေးဖက်ထားပေးသည်။

နီးကပ်လွန်းသောမျက်နှာနှစ်ခုနှင့် ထိကပ်နေသောခန္ဓာကိုယ်နှစ်ခုကြောင့် Taehyungရင်ခုန်သံတွေမြန်လာပြီး Hoseokမှလွဲ၍လောကကြီးနှင့်ခေတ္တအဆက်အသွယ်ပြတ်သွားပြီး ခြေဖျားလက်ဖျားတွေအေးစက်လာခဲ့သည်။

" အဟမ်း!"

Hoseokအသံပေးလိုက်သည့်တိုင် Taehyungမှာ Hoseokကိုပြူးပြူးလေးငေးနေဆဲ..

"Tae ဒီနေ့ကိုယ့်ပေါ်ကနေဖယ်ပေးဖို့အစီအစဉ်ရှိလား" "ကိုယ်နာနေပြီ"

Hoseokပြောလိုက်မှ Taehyungကပြာပြာသလဲနဲ့..

"Ah.. miyan hyung နာ နာသွားလားဟင်"
"ကျွန် ကျွန်တော်လည်းကြောက်ပြီး ခြေချမိချရာချလိုက်မိတာ"

Hoseokစလိုက်သည်ကိုTaehyungကတကယ်မှတ်ကာ မျက်နှာငယ်လေးနှင့်ဖြစ်နေသည်။

" အရမ်းမနာပါဘူး Taeရာ ကိုယ်ကစတာပါ ကျောလေးနည်းနည်းအောင့်သွားရုံလောက်ပေါ့"
"ကိုယ် Toiletထဲခဏဝင်လိုက်ဦးမယ်နော် Taeခဏထိုင်စောင့်နေ"

Hoseokကဘာမှမဖြစ်သလိုသာပုံမှန်ပင်ဖြစ်သော်လည်း အပြင်တွင်ကျန်ခဲ့သော Taehyungမှာစကားပင်ထစ်အောင်အဆမတန်ခုန်နေသောရင်ဘတ်အားကိုင်ကာ တစ်ခါမှမဖြစ်ဖူးသောခံစားချက်ကြောင့် မျက်နှာများပင်နီနေရသည်။

ဒါဘာလဲ...အချစ်?? မဖြစ်နိုင်တာ မဟုတ်ဘူး
မဖြစ်သင့်တာ! သူ့မှာဒီလိုခံစားချက်ဖြစ်နေတာသာ hyungသိသွားရင်! အထင်သေးသွားမယ်ထင်တယ်။ ဒါမှမဟုတ်မုန်းပြီး ထွက်သွားခိုင်းမယ်ထင်တယ်။ အဲ့လိုတော့မဖြစ်ရဘူး hyungနားမှာနေရတာမဝသေးဘူး။ hyungချစ်ရတဲ့ hyungရဲ့ညီငယ်လေးဖြစ်ချင်သေးတယ်။
ညီငယ်.....အင်းပေါ့ ညီငယ်လေး...

°°°°°°°°°°°°°°°°°°°°°°°


(2ရက်မ upလိုက်ရဘူး miyanနော်:((  မျှော်တဲ့လူလည်းရှိမယ်မထင်:") )




𝑵𝒆𝒗𝒆𝒓 𝑵𝒐𝒕Where stories live. Discover now