Part 2.

738 71 6
                                    

Hoseok သူငယ်ချင်းများနှင့်ဆရာများအားနှုတ်ဆက်ပြီးပြန်ရန်ထွက်လာလိုက်သည်။ ကားပေါ်တက်ခါနီးမှနောက်ကခြေသံကြား၍လှည့်ကြည့်လိုက်တော့..

ကောင်လေးတစ်ယောက်....

ထိုကောင်လေးအမောတကောပြေးလာပြီးချွေးများရွှဲနေသည်မှာခပ်လှမ်းလှမ်းကပင်သိသာနေသည်။
အကြည့်မလွှဲမိခင်ကောင်လေး၏ခြေလှမ်းများမှာယိုင်ပြီးခွေကျလာသောကြောင့်အမြန်ပြေးပွေ့လိုက်သည့်အခါ
Hoseokရင်ခွင်ထဲသို့ကောင်လေး၏ကိုယ်သေးသေးလေးကထိုးကျလာသည်။

"ဒီမှာ ကောင်လေးအဆင်ပြေရဲ့လား"

ရင်ခွင်ထဲရောက်နေသောကောင်ချောလေးမှာအသက်ပင်လုရှူရလောက်အောင်မောနေသည်ကို သူသတိထားမိသည်။

"ဒီမှာ ကိုယ်ဘာကူညီပေးရမလဲ?"

"ကျွန် ကျွန်တော့ကို ဖွက်ထားပေးပါ"

"ဟင်"

"ကူညီပါဗျာ" "သူ သူတို့ကျွန်တော့ကို ဖမ်းသွားကြမှာ"

သေချာနားစွင့်ကြည့်မှ အော်ခေါ်သံတချို့ကြားလိုက်ရသည်။
သူများကိစ္စတွေဝင်မပါတတ်သော်လည်းဒီကောင်လေးကိုတော့သူပစ်မထားခဲ့ရက်ပါ။

Hoseokကောင်လေးအားကားထဲသို့အမြန်ပွေ့သွားပြီး နောက်ခန်းမှာအိပ်ခိုင်းထားလိုက်သည်။ ထို့နောက်သူ့အိမ်သို့ပင်မောင်းလာခဲ့လိုက်တော့သည်။
နောက်ကြည့်မှန်မှကြည့်မိတော့ သွေးမရှိတဲ့ကောင်လေးရဲ့နှုတ်ခမ်းများကပြုံးယောင်သန်းနေသလိုပဲ။

*စိတ်ထင်လို့နေမှာပါလေ..*

°°°°°°

အိမ်ရောက်တော့ ကောင်လေးကအိပ်မောတောင်ကျနေပြီ။ ပင်ပန်းထားတာကြောင့်မနှိုးတော့ပဲ ပွေ့ကာ Hoseokသူ့အခန်းထဲသို့ခေါ်သွားလိုက်သည်။
ကုတင်ပေါ်တွင်အိပ်ပျော်နေသောကောင်လေးကိုသေချာကြည့်မိတော့...

*တော်တော်ချောသားပဲ*

နုဖက်နေတဲ့မျက်နှာလေး..ဖြောင့်စင်းနေတဲ့နှာတံလေး..ကော့ညွတ်နေတဲ့မျက်တောင်လေးတွေ..သွေးမရှိပဲဖြူစွတ်စွတ်ဖြစ်နေတာတောင်ဆွဲဆောင်မှုရှိနေတဲ့ နှုတ်ခမ်းတွေ...

𝑵𝒆𝒗𝒆𝒓 𝑵𝒐𝒕Where stories live. Discover now