Part 3.

542 66 5
                                    

"Seokie အစောကြီးဘာကိစ္စရှိလို့လဲ" "ဆရာတောင်မနိုးသေးဘူး"

"Nae eimo ကျွန်တော်မနေ့ကဦးငယ်ခေါ်တာမလာလိုက်ရလို့ ဒီနေ့စောစောလာလိုက်တာပါ"

" ဒါဆိုလည်းအေးဆေးနေပေါ့ eimo စားဖို့တစ်ခုခုလုပ်ပေးမယ်"

"Nae"

Hoseok Yoongiအိမ်သို့အစောကြီးရောက်နေသည်။ မနေ့ကအမှားလုပ်ထားမိတာမို့ဒီနေ့ကိုဦးငယ်စိတ်တိုင်းကျအောင်နေရမည်ဖြစ်သည်။

Yoongiကမနိုးသေးတော့ မရောက်တာလည်းကြာပြီမို့ခြံထဲဆင်း၍လမ်းလျှောက်ဖြစ်သည်။
ဒီအိမ်မှာပဲကြီးပြင်းခဲ့သော်လည်း Hoseok 18နှစ်ပြည့်မွေးနေ့တွင်Yoongiကလက်ရှိအိမ်ကိုမွေးနေ့လက်ဆောင်ပေးသောကြောင့် ထိုအိမ်တွင်သာသီးသန့်သွားနေဖြစ်သည်။

လမ်းလျှောက်နေရင်း မြက်ခင်းပေါ်တွင်မိုးရွာထားသောကြောင့်ရေစက်လေးများတင်နေသည်ကိုကြည့်မိရင်း မနေ့ကထိုကောင်လေး၏မျက်တောင်ဖျားလေးများတွင်တွဲခိုနေသောမျက်ရည်စများအား သတိရမိသွားသည်။

°°°°°°

"ကျွန်တော့်ကို သူတို့လှောင်ပိတ်ထားကြတာ"

"ဘယ်သူတွေကလဲ?"

"ကျွန်တော့် မိဘတွေ"

"ဘယ်လို!!"

Hoseokအံ့သြတကြီးမေးမိသည်။ကိုယ့်သားသမီးကိုလှောင်ပိတ်ထားတယ်တဲ့လား!

"ဟုတ်တယ် Hyung
ကျွန်တော် အထက်တန်းစာမေးပွဲဖြေပြီးကတည်းကကျွန်တော့်ကိုသူတို့ အိမ်ပြင်မထွက်ခိုင်းတော့ဘူး"

ပြောရင်းပြောရင်း သူအသံများတုန်လာသည်ကို Hoseokသိသည်။

"ကျွန်တော် အကြောင်းရင်းမေးတော့လည်း မင်းကိုကာကွယ်ဖို့လို့ပဲထပ်ခါတလဲလဲပြောတယ်ဗျာ.."
"ဒီအရွယ် လူငယ်တစ်ယောက်ကို အိမ်ထဲမှာပဲလှောင်ပိတ်ထားတဲ့ထိကာကွယ်ဖို့လိုလို့လား!"
"ကျောင်းပိတ်ပြီး သူငယ်ချင်းတွေ ခရီးထွက်ကြတာလည်း ကျွန်တော်လိုက်မယ်ပြောပြီးမှမလိုက်သွားရဘူး"
"ကျွန်တော်အရမ်းမျှော်လင့်ခဲ့တာ စာမေးပွဲပြီးရင်ကျွန်တော်လည်း သာမာန်လူငယ်တွေလုပ်နေကျအရာတွေလုပ်မယ်ဆိုပြီး"
"ကျွန်တော့်လူငယ်ဘဝကိုဒီတိုင်းကုန်ဆုံးလိုက်ရတော့မလိုပဲခံစားရတယ်"
"ပျော်စရာတွေဘာမှမရှိပဲလေ.."
"အဲ့ဒါကြောင့် ကျွန်တော်အစောင့်တွေအလစ်ထွက်ပြေးလာခဲ့တာ.."
"အခု အခုထပ်ပြီး မိသွားရင်လေ.. ကျွန်တော်တစ်သက်လုံး အပြင်ထပ်မထွက်ရတော့ဘူးထင်တယ်.."

မျက်ရည်များကျလာသောကောင်လေးကို Hoseok ရင်ခွင်ထဲဆွဲသွင်းလိုက်မိသည်။

"ကိုယ်ကာကွယ်ပေးမယ်"
"Tae ကို အခုကစပြီး ကိုယ်ကာကွယ်ပေးမယ်"
"Tae ရဲ့လူငယ်ဘဝကို ကိုယ်ရအောင်ပြန်ရှာပေးမယ်.."
"Tae ကိုယ့်ကိုယုံကြည်လို့ဖြစ်တယ်"

ရင်ခွင်ထဲတွင်တစ်သိမ့်သိမ့်ငိုနေသောကောင်လေးကိုကာကွယ်ပေးချင်နေသောစိတ်မှာ Hoseokရင်ထဲသို့ရောက်နေပြီဖြစ်သောချစ်ခြင်းမေတ္တာကြောင့်ဆိုတာသာ သူသိခဲ့မယ်ဆိုရင်....

°°°°°°°

"Hoseok အစောကြီးရောက်နေတယ်ဆို"

ဦးငယ်အသံကြောင့်အတွေးကမ္ဘာထဲရောက်နေသော Hoseokသတိပြန်ဝင်လာခဲ့သည်။

"nae ဦးငယ် မနေ့က ကျွန်တော်မှားခဲ့တာဆိုတော့.."

"မင်းအကျိုးအကြောင်းတော့လှမ်းပြောသင့်တယ်"

"ဟုတ်ကဲ့ ကျွန်တော်ပြောမလို့ပါပဲ ဖုန်းက batteryကုန်သွားလို့ပါ နောက်မဖြစ်စေရပါဘူးဦးငယ်"

Yoongiကကျေနပ်သွားဟန်ဖြင့်

"မနေ့ကပြောမဲ့ကိစ္စပြောရအောင်"

"nae"

"သူတို့မှာ သားရှိတယ်"

"nae!?? "

"Kim Jeonမှာသားရှိတယ်"

"ဒီအချိန်ထိသူဘာလို့ထုတ်မပြခဲ့တာလဲ ဒါဆို"

Hoseokအံ့သြမင်သက်စွာမေးလိုက်မိသည်။
သားသမီးရှိတဲ့မိဘဖြစ်ပြီး ကိုယ်ချင်းမစာစွာ8နှစ်အရွယ် ကလေးငယ်တစ်ယောက်အား မိဘမဲ့ဖြစ်စေခဲ့သော ထိုလူအားနာမည်ကြားရုံဖြင့်ပင်  ရွံမုန်းမိသည်။

"သူ့သားအကြောင်း ဘယ်သူမှမသိဘူး ဦးငယ်ကိုယ်တိုင်လည်း သားရှိတယ်ဆိုတာကလွဲပြီးမသိသေးဘူး"

"ကျွန်တော် စုံစမ်းရမယ်လို့ပြောချင်တာလား"

"အဟက် မင်းကသဘောပေါက်လွယ်သားပဲ"
"အဲ့ကလေးက ငါတို့planရဲ့ အဓိကkey point ဖြစ်လာလိမ့်မယ်"

"nae သိပါပြီဦးငယ်"

°°°°°°°°°°°°°

(Voteတွေ feedbackတွေလည်း ပေးပေးကြပါဦး ဒါမှကြိုက်မကြိုက်သိရမှာပေါ့လို့ ) :((

𝑵𝒆𝒗𝒆𝒓 𝑵𝒐𝒕Where stories live. Discover now