ep.....6

3.3K 119 0
                                    

(Uni)

.....ဟိုကောင်လေးကို စိတ်မချသော်လည်း မဖြစ်မနေမို့ထွက်လာခဲ့သည် ကျတော်ထွက်သွားတော့ မျက်နှာလေးငယ်ပြီး ကျန်ခဲ့တဲ့သူ့ကို ကျတော် ယုံယုံကြည်ကြည်နဲ့ ထားခဲ့မိတာ အမှားကြီးတခု ကျူ းလွန်လိုက်မိမှန်း သိခဲ့ရင်.....

.....သူထွက်သွားတဲ့ထိ ဟန်ဆောင်ပြီး နေပြခဲ့သောကြောင့် ဦးကုဋေထိုက်တယောက်တော့ယုံကြည်စွာ ထွက်သွားလေပြီ ကျတော်ကြံစည်ထားတဲ့အတိုင်း လုပ်ငန်းစလိုက်သည် မှတ်ထားတဲ့အတိုင်း တံခါး Coad No ကို နှိပ်ကာ တဖြည်းဖြည်း လျှို့ဝှက်တံခါးတွေရှာရင်း ဆင်းလာခဲ့တာ ခုဆို နောက်ဆုံး တံခါးဆီရောက်ပြီ ကျစ် အဲ့ဒါမှ ပြသနာပဲ နောက်ဆုံး Coad Noက အမှားပဲပြနေသည်

****

"Boss ရောက်လာပြီလား"
"အင်း"
"တိုက်ခိုက်တဲ့သူတွေက တဖက်အဖွဲ့ကကောင်တွေပါ Boss ကျတော်တို့တိုင်လိုက်လို့ ရဲဖမ်းခံရတဲ့ ကောင်တွေကပဲ ဝန်ခံလိုက်တာ"
"ဟမ့် ကိုယ့်အတက်နဲ့ ကိုယ်စူးတာပေါ့ ဪ...ဒါနဲ့ မင်းခန့်ထားတဲ့ ကောင်လေးက ဘယ်မှာလဲ"
"ရှိပါတယ် Boss"
"ငါ သူနဲ့တွေ့ချင်တယ်"
"မနက်မှ တွေ့ပါလား Boss ညဉ့်နက်နေပြီလေ"
"ခုတွေ့မယ် ငါ ညတွင်းချင်းပြန်မှာ"
"Boss...ဟို"
"မင်း အရမ်းတွေ ရှည်နေပါလား မာန်"
"တောင်းပန်ပါတယ် လွမ်းကို ကျတော် သွားခေါ်ပေးပ့မယ်"

.....ကျတော် ဒေါသနဲ့ အော်မှ မာန်ထွက်သွားသည် မာန်တယောက်ကို ခုနောက်ပိုင်း စိတ်တိုင်းမကျမိတာတော့ အမှန် ကျတော်ကိုယ်တိုင်ကပဲ ပြောင်းလဲနေလို့လား ကျတော်ဝန်ခံပါတယ် ကောင်လေးကို ကျတော် တယောက်တည်း စိတ်မချဖြစ်နေတယ်ဆိုတာကို တွေးရင်းနဲ့ ခုချိန်ကောင်လေးများတယောက်တည်းကြောက်နေမလားလို့ ph ထဲက cctv မှတဆင့်ကြည့်လိုက်သည်

"ဟင်..."

.....ဒေါသက ငယ်ထိပ်ကနေပင် ဖောက်ထွက်မတတ် ဖြစ်သွားပြီး ဝုန်းခနဲထိုင်ရာက ထကာ ထွက်လာခဲ့သည် အပေါက်ဝမှာ တွေ့တဲ့ မာန်နဲ့ ဟိုကောင်လေးကိုပင် ဘာမှမပြောနိုင် အပြေးတပိုင်းပြန်လာခဲ့သည် အောက်ထပ်တံခါးဝနားမှာ ဟိုရှာ သည်ရှာ နဲ့ ထွက်ပေါက်ရှာနေတဲ့ ဟိုကောင်လေး ... ငါကတော့ ယုံကြည်လိုက်ရတာ စိတ်ပူလိုက်ရတာ မင်းက မတန်ဘူးပဲ သူဘယ်လို Coad No တွေ သိသွားတာလဲ ဒါပဲ လိုက်ကြည့်နေခဲ့တာများလား!?

🔥မီး🔥 {fire}Where stories live. Discover now