ep.....1

12.3K 226 2
                                    

(Uni)

"ဘာ...ဘယ်လိုဖြစ်တာလဲ"
"Boss... ဟို"
"မြန်မြန်ပြောစမ်းကွာ"
"သ...သူနဲ့ မင်္ဂလာဆောင်မဲ့ ကောင်လေးက မင်္ဂလာဆောင်ခါနီးမှ ထွက်ပြေးသွားလို့ ရှက်ပြီး သူကိုယ်သူသတ်သေသွားတာ"
"ဘာ...သူက ဘာကောင်မို့လို့လဲ ခုချက်ချင်းင့ကိုအဲ့ကောင်နဲ့ပတ်သတ်သမျှတခုမကျန်အကုန်ပို့ပေး အကုန်သိချင်တယ်"
"ဟုပ် Boss"
"ငါ ချက်ချင်းပြန်လာခဲ့မယ်"
"ဟုပ်ကဲ့"

.....အသားတွေ တဆတ်ဆတ်တုန်ရင်း အတိတ်အကြောင်းပြန်တွေးနေမိသည် ကျပ်နာမည်က Perth...ကျုပ်က အရက်ချက်စက်ရုံ နှစ်ရုံပိုင်တဲ့ သူဌေးတယောက် အရက်ချက်စက်ရုံဆိုပေမဲ့ အဲ့ဒါက အပေါ်ယံအလုပ် တကယ်တမ်း လုပ်နေတာက မူးယစ်ဆေးအရောင်းအဝယ် (တခုတော့ကြိုပြောထားပါရစေ ကျုပ်ကအရောင်းအဝယ်ပဲလုပ်တာ ကျုပ်အဖေကျုပ်မျက်စိရှေ့တင် ဆေးကြောင်ကြောင်ပြီး တိုက်ပေါ်က ခုန်ချသွားတာမြင်တည်းက ကျုပ်ကိုယ်တိုင်သုံးစွဲဖို့ စိတ်ကူးကိုမရှိတော့တာ)

"မသွားပါနဲ့လား ကိုကို"
"မသွားလို့မရလို့ပါ ညီမလေးရ ကိုကိုပြန်လာမှာပါ ခုကလဲ မဖြစ်မနေကိစ္စမို့လို့ သွားရမှာ"
"ဟွန့်"
"စိတ်မဆိုးပါနဲ့ကွာ ကိုကိုမရှိလဲပဲ ညီမလေးဖြစ်ချင်တာ လုပ်ချင်တာ အကုန် ခိုင်းဖို့လူတွေရှိနေတာပဲ"
"ညီမလေးက ကိုကို့ကိုပဲ လိုချင်တာ"
"ဟုပ်ပါပြီ ဒီတခေါက်ပြန်လာရင်တော့ ကိုကို့ညီမလေးနားမှာပဲ နေတော့မယ်နော်"
"ကတိနော်"
"အင်း ကတိ"

.....မဖြစ်မနေရှောင်နေရမှာမို့လို့ ကနေဒါနိုင်ငံကို ထွက်လာခဲ့ရပေမဲ့ ငယ်ငယ်တည်းက ကျတော့ဘဝဖြစ်တဲ့ ညီမလေးကိုမထားချင်ပဲထားခဲ့ရသည် ခနလို့ထင်ခဲ့တဲ့ ခရီးတခုက အခြေအနေတွေ မတည်ငြိမ်မှုကြောင့် ပြန်လို့မရနိုင်ခဲ့ပေ

"ကိုကို"
"ပြောလေ နေကောင်းလား ညီမလေး"
"အပိုတွေ လာမေးမနေနဲ့ ကိုကို ကတိမတည်ဘူးနော်"
"ညီမလေးရာ ကိုကို အလုပ်တွေမပြီးသေးလို့ပါ"
"ကိုကို"
"ဟင်"
"ညီမလေး ချစ်ရမဲ့သူတွေ့ပြီ"
"ဟင်"

.....ဟုပ်သားပဲ ကျတော့ ညီမလေးတောင် အသက် ၂၂ ဖြစ်နေပြီ ဒါဆို ကျတော်က အသက် ၃၆ ပေါ့ အချိန်တွေကုန်တာမြန်လွန်းတယ် ညီမလေးနဲ့ကျတော် အသက် ၁၄ နှစ်တောင်ကွာတယ်လေ ကျတော်တယောက်တည်းအဖော်မဲ့နေတဲ့ချိန် ကလေးထပ်မရတော့ဘူးလို့ထင်ထားတဲ့ မေမေက မမျှော်လင့်ပဲ ညီမလေးကိုယ်ဝန်ရှိလာခဲ့တယ် ကျတော့ရဲ့ မျှော်လင့်ချက်တွေ ဘယ်လောက်ထိတောင်တောက်ပခဲ့ရလဲ ကျတော်အသိဆုံးပါ

🔥မီး🔥 {fire}Opowieści tętniące życiem. Odkryj je teraz