ep.....13

2.7K 113 0
                                    

(Uni)

"နက်ရှိုင်း..."
"ဗျာ..."
"နောက်အသစ်မှာတဲ့ အော်ဒါတွေကအရေးကြီးတယ်နော် ပုံစံအသစ်တွေ"
"ဟုတ်...အကိုမာန်..."
"Boss ကသူကိုယ်တိုင် ဒီဇိုင်းဆွဲမယ်တဲ့"
"ဟုတ်..."
"မင်းကို သူ့အခန်း ခနလာခဲ့ဖို့ခေါ်ထားတယ် ခုသွားလိုက်"
"ဟုတ်ကဲ့"

.....ဦးနဲ့တွေ့ရမယ်ဆိုတိုင်း လိုတာထက်ပိုပြီး ရင်ခုန်နေမိသည် ကျတော့ကို မသိသလိုနေနေတာကြီးက ခံရခက်သည် ဦး ရင်ထဲမှာ ကျတော်က ရင်တည်းကမရှိခဲ့တာသိပေမဲ့ ကျတော့ လူပျိုဘဝကိုသိမ်းပိုက်ခဲ့တဲ့ ဦးက နဲနဲလေးတောင် သံယောဇဉ်မရှိတာလား...

"Boss...".
"ဪ...လာ ထိုင်"
"ဟုတ်..."
"ဒီဇိုင်းက တညတည်းအပြီးဆွဲရမှာ ဆယ့်ငါးမျိုးတောင်ဆိုတော့ မင်းကူညီမှရမယ်"
"ဟုတ်...ရပါတယ်"
"ညကျရင် အိမ်မှာလိုက်ပြီးဆွဲပေးနိုင်မလား"
"ဗျာ..."
"မရဘူးလား"
"ရ...ရပါတယ်"

.....ဘယ်လိုတောင်ပျော်စရာကောင်းတဲ့နေ့လေးလဲ ဦးနဲ့အတူ နာရီများစွာ ရှိခွင့်ရတော့မယ် မျက်နှာက ပျော်နေတဲ့အပြုံးတို့ကို ဖုံးဖိရင်း ဦးရုံးခန်းက ပြန်လာခဲ့သည်

"ဒါက မှိုရတဲ့မျက်နှာလား"
"ငါ ဦးအိမ်လိုက်သွားရမှာ ဒီည"
"ဟင်...ဟုတ်လား"
"အွန်း..."

.....နိုင်ကြီးကို ရင်ဖွင့်ပြီးသားမို့ ကျတော်နဲ့ ဦးအကြောင်း နိုင်ကြီးသိပြီးသားဖြစ်သည် ကျတော့ကိုအနားလည်ပေးနိုင်ဆုံးသူမို့လို့ ကျတော်ပြောပြခဲ့တာဖြစ်သည်

"ကြည့်လုပ်နော် အရမ်းလဲ အညှာလွယ်မနေနဲ့"
"အာ...မင်ကလဲ အ့လိုမဟုပ်ပါဘူးဟ အလုပ်လုပ်ဖို့ခေါ်တာပါ ပြီးတော့ ဦးကလဲ အရင်လိုမဟုပ်တော့ပါဘူး"
"ပြီးတာပဲ"

.....နိုင်ကြီးက ကျတော့ကိုမျက်စောင်းထိုးရင်း အလုပ်ဆက်လုပ်နေသည် ကျတော်လဲ သီချင်းလေးညည်းကာ အလုပ်လုပ်ရင်း ညနေအလုပ်သိမ်းတော့ ဦးထွက်အလာကို ထိုင်စောင့်နေမိသည်

"နက်ရှိုင်း..."
"ဗျာ... အကိုမာန်"
"Boss ကိုစောင့်နေတာလား"
"ဟုတ်"
"လာ...Boss ကအကို့ကို သူ့အိမ်လိုက်ပို့ပေးဖို့ပြောထားလို့"
"ဪ...ဟုတ်"

.....ဟက်...ကျတော်ကအတွေးလွန်နေတာပဲ ဦးနဲ့ အတူသွားခွင့်ကို ဘယ်လိုတောင် စိတ်ကူးယဉ်နေမိတာလဲ အရင်လို မခြေနေမဟုတ်တာ မေ့သွားတယ်

🔥မီး🔥 {fire}Donde viven las historias. Descúbrelo ahora