(Uni)
.....ကျတော်က ဘွဲ့ရပြီးလို့ အလုပ်ထဲပင် ရောက်နေလေပြီ အသက် သုံးဆယ်ထိတစ်ကိုယ်တည်းနေနေတဲ့ ကျတော့ကို မေမေကအမြဲပွစိပွစိလုပ်နေတတ်သည် ဒီနေ့လဲ ဒေဝါလီခံရလုလု ကျတော်တို့ ကုမ္ပဏီလေး ယာယီပိတ်ထားပြန်ပြီတဲ့ ထိုင်နေလို့တော့မဖြစ် အလုပ်ရှာမှရမည်
"ရှိုင်း...ဘာလုပ်နေလဲ ကြာတယ်ကွာ"
"ခနလေးပါဟ လာပါမယ်".....အည့်ခန်းထဲရောက်နေပြီဖြစ်တဲ့ နိုင်ကြီးက ပွစိပွစိလုပ်နေပြီမို့ အကျီင်္ကျယ်သီးတပ်နေရင်း လက်တောင်သေချာမခေါက်နိုင်ပဲ လွယ်အိတ်လွယ်ကာ ပြေးထွက်လာခဲ့သည် နိုင်ကြီးဆိုတာ ကျတော် တက္ကသိုလ်နောက်ဆုံးနှစ်မှ ခင်တဲ့ နိုင်မင်းဇော် ဖြစ်သည် အလုပ်အတူတူလုပ်နေကြတာဖြစ်ပြီး ခုအလုပ်တူတူပြုတ်တော့မှာမို့ နောက်အလုပ်တခုရှာဖို့ ချိန်းထားတာဖြစ်သည်
"ခွေးကောင် သေချာရောလေ့လာထားရဲ့လား"
"ငါသိပါတယ်ဟ လေ့လာထားပါတယ်"
"အသက်တွေက တဖက်လှမ်းနေပြီ အလုပ်ရှာရလွယ်တာမဟုပ်ဘူး"
"ဟိတ်ကောင် ပူကျီပူကျီနဲ့ကွာ နားညည်းတယ် အမေကအလုပ်ပြုတ်တော့မှာမသိဘူး အတင်းမိန်းမယူခိုင်းနေရတဲ့ကြားထဲ"
"သူ့သားမစွံတာ သူမှမသိတာ မင်းအမေက"
"ချီး မစွံ စိတ်မဝင်စားလို့ကွ မင့်လို ကုမ္မဏီပျော်ပွဲရွှင်ပွဲလဲမလာနိုင် မိန်းမကြောက်နေရမှာစိုးလို့"
"သောက်ပို".....နိုင်ကြီးနဲ့က အမြဲ အ့လိုပါ ခုသွားလျှောက်မဲ့အလုပ်က အသက် သုံးဆယ် လုပ်ငန်းကျွမ်းကျင် ဦးစားပေးမည်ခေါ်ထားတာကြောင့် ကျတော်တို့အတွက်တော့ အံကိုက်ဖြစ်သည် paper စက်ရုံမှာ ကျတော်တို့လုပ်သက် ရှစ်နှစ်ရှိထားပြီးသားလေ
*****
......အလုပ်လျှောက်သူစာရင်းထဲက နက်ရှိုင်း ဆိုတဲ့ နာမည်လေးက ကျတော့ကို မျက်ခုံးပင့်သွားစေသည်ထိ စိတ်လှုပ်ရှားသွားစေသည် ခနနေ အင်တာဗျူ း စတော့မည် လျှောက်လွှာတွေ လက်ခံထားသူဆီ ဖုန်းလှမ်းချိတ်လိုက်သည်
"နက်ရှိုင်း ဆိုတဲ့တယောက်ရဲ့ လျှောက်လွှာ ယူလာခဲ့ပေး အမြန်"
"ဟုပ်ကဲ့ ဂျာကြီး"
![](https://img.wattpad.com/cover/192734416-288-k69766.jpg)
YOU ARE READING
🔥မီး🔥 {fire}
Fanfiction🔥မီး🔥 လို့ ထင်ခဲ့တဲ့အရာက စစ်မှန်တဲ့ မေတ္တာတရားတွေကြောင့် "အချစ်" ဖြစ်လာတဲ့အခါ.....