ep.....12

2.7K 117 0
                                    

(Uni)

"ဟင်...လွမ်း...မင်း"
"အကို..."
"မင်းင့မျက်စိရှေ့ဘာလာလုပ်တာလဲ"
"အကို ဒီမှာရှိမှန်းတောင် ကျတော်မသိပါဘူး"
"ဟုတ်ပါတယ် အကိုမာန် ...ကျတော် အကိုနဲ့အလုပ်အတူတူလုပ်နေတာ မပြောထားမိဘူး"
"မင်းကို ငါ ဘာမှာခဲ့လဲ နောက်ထပ်င့မျက်စိရှေ့ပေါ်လာရင် သတ်မှာလို့ ပြောခဲ့တယ် မလား"
"ခွပ်..."
"အကိုမာန်..."

.....အသံထက်ပင်မြန်သော အကိုမာန် လက်သီးက ကျတော့မျက်နှာပေါ် ကျရောက်လာလေပြီ နက်ရှိုင်းကအတင်းဝင်ဆွဲမှ ကျတော့ အကျီင်္စကို ဆွဲထားတဲ့ သူ့လက်တွေ လွှတ်သည် ကျတော် ဘာမှမပြောပဲ ဒူးထောက်ထိုင်ချလိုက်ရင်း

"အကို မကျေနပ်သေးရင် ကျေနပ်တဲ့ထိ အပြစ်ပေးလို့ရပါတယ် ကျတော့ပေါ်ထားခဲ့တဲ့ အကို့မေတ္တာတွေအတွက်ပေါ့"
"တော်စမ်းပါ မင်းကိုမမြင်ရင် င့ဘဝအေးချမ်းပြီးသား မင်း ခုထွက်သွား..."

.....လွမ်း ရဲ့အကြည့်တွေအောက် ကျတော်ဆက်မနေနိုင်တော့ပါ နာကျင်ခဲ့တဲ့ နှလုံးသားထဲက ဒဏ်ရာကို ဘယ်သူမှမမြင်နိုင်ခဲ့ဘူး ဘယ်လိုပဲ စိတ်ဆိုးနေပေမဲ့ အတိတ်က သံယောဇဉ်လက်ကျန်တွေက နှလုံးသားဆီ အချက်ပြပြီး လှုပ်ခတ်နေတုန်းပဲ ဒါပေမဲ့ ဦးနှောက်ကတော့ ဘယ်တော့မှ လက်ခံပေးမှာ မဟုပ်တော့ပါဘူး သူ့မျက်နှာဆက်မြင်နေရရင် ထပ်ထိုးမိမှာစိုးလို့ ထွက်လာခဲ့သည်

"နာနေပြီလား အကို"
"ရတယ် ညီ အကိုမာန်ခံစားရတာနဲ့စာရင် ဒါက ဘာမှမပြောလောက်ပါဘူး"
"ဒါဆို တနေရာသွားပြီး စကားပြောရအောင် နိုင်ကြီး မင်းပြန်နှင့်လိုက်တော့နော်"
"အေးပါ"

.....နိုင်ကြီး ပြန်သွားတော့ ဆိုင်တဆိုင်မှာ တခုခုစားရင် စကားပြောမယ်လို့ တွေးထားပေမဲ့ အကိုလွမ်းမျက်နှာက ယောင်လာတာမို့ အိတ်ထဲက တာဝါထုတ်ကာ ကြပ်ထုပ်ထိုးပေးလိုက်သည်

"အကို ကျတော့ကိုပြောစရာရှိလို့ဆို"
"အင်း ... မင်းက အကိုမာန်နဲ့အတူတူအလုပ်လုပ်နေတာလား"
"ဟုတ်"
"ဒါဆို ဦးကုဋေထိုက်နဲ့ တွေ့ပြီးပြီပေါ့"
"ဟင့်အင် ... မတွေ့ပါဘူး"
"ဟမ် ... မတွေ့ရသေးဘူးလား"
"သူက ဒီစက်ရုံမှာ ရှိနေလို့လား"
"ဒီစက်ရုံက သူပိုင်တာလေ"
"ဘယ်လို ဒါဆို...ဟို Boss ဆိုတဲ့ လူကြီးက..."
"အာ... ဟုတ်သားပဲ မင်းသူ့ကိုတွေ့ရင်လဲ မှတ်မိမှာ မဟုပ်ဘူး"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့...အကိုတို့ သူ့ကိုသွားဖမ်းတုန်းက သူပြန်ခုခံရင်း မျက်နှာ တခုလုံးပျက်ဆီးသွားတယ် ထောင်ကလွတ်တော့ ပလက်စတစ်ဆာဂျူရီလုပ်လိုက်တယ်ကြားတယ်"
"ဗျာ..."

🔥မီး🔥 {fire}Where stories live. Discover now