ep.....11

2.7K 115 0
                                    

(Uni)

.....ကျတော်မျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါ အလုပ်ဝင်တာပင်တလပြည့်တော့မည် ဦးနဲ့မပြောနဲ့ အကိုမာန်နဲ့တောင်မတွေ့ရပေ ကျတော်လဲမျှော်လင့်ချက်များစွာနဲ့ ဦးကိုမျှော်ရင်း အလုပ်လုပ်နေခဲ့သည်

"နက်ရှိုင်း မင်းကို ဂျာကြီးက ခနလာဦးတဲ့ ခေါ်နေတယ်"
"ဂျာကြီးဆိုပါလား ဒါဆို အကိုမာန်ခေါ်တာပေါ့"

.....ကျတော်မျှော်လင့်ချက်များစွာနဲ့ လှမ်းလာခဲ့တာ ခြေလှမ်းတွေပင်သွက်နေသည် တံခါးကိုဖွင့်ဝင်လိုက်တော့ လူသုံးဦးခေါင်းချင်းဆိုင်ပြီး အလုပ်ကိစ္စပြောနေကြသည် အကိုမာန်ကိုတော့မတွေ့ပေ

"ဪ ...နက်ရှိုင်းလား လာလေဝင်လာခဲ့"

.....အပေါက်ဝကရပ်ကြည့်နေတဲ့ကျတော့ကိုဝင်လာခဲ့လို့ပြောလိုက်တာမို့ဝင်လာခဲ့သည် ကျတော်အနားရောက်တော့သူတို့က ပြောလက်စ စကားကိုရပ်လိုက်ကာ

"ကဲ...နက်ရှိုင်း မင်းက အရည်အချင်းရှိတဲ့သူတယောက်မို့ မင်းကို တောင်ဘက်စက်ရုံဆီ ပြောင်းဆင်းခိုင်းမလို့"
"ဗျာ..."
"မပူပါနဲ့ လစာ ပိုပေးမှာပါ ပြီးတော့ စက်ရုံက ဖွင့်ထားတာမကြာသေးတော့ ကျွမ်းကျင်ဝန်ထမ်းနည်းနေလို့ မင်းကို ကူသင်ပေးဖို့ တောင်းဆိုတာပါ"

.....အစကတော့ အင်တင်တင်ဖြစ်သွားပေမဲ့ လစာပိုရမယ်ဆိုတဲ့စကားကြောင့် စိတ်ကူးပြောင်းသွားသည် တချိန်တည်းမှာပဲ သူငယ်ချင်းနိုင်ကြီးကို သတိရသွားသည်

"ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းဘက်က ဘာပြောချင်တာရှိလဲ တခါတည်းပြောပါ အဆင်ပြေမပြေ ငြင်းပိုင်ခွင့်လဲ ရှိပါတယ်"
"ဟိုလေ..."
"ပြောပါ"
"ကျတော်သွားရင်လေ ကျတော့သူငယ်ချင်းတယောက်ပါခေါ်သွားချင်တယ် သူလဲ အရည်အချင်းရှိပါတယ်ဗျ"
"ဘယ်သူလဲ"
"နိုင်ကြီးပါ"
"ဟုတ်ပြီလေ ကိုယ်တို့သူ့အရည်အချင်းတချက်ကြည့်ပြီးအကြောင်းပြန်မယ် ဟုတ်ပြီလား"
"ဟုတ်"

.....ကျတော် နေ့လည်က ကိစ္စ နိုင်ကြီးကိုပြောပြတော့ နိုင်ကြီးက ရုတ်တရက် ကျတော့ပခုံးကိုဖက်ရင်း ကျေးဇူးတင်စကားပြောလာတာမို့ မျက်မှောင်ကျုံ့ရင်းကြည့်လိုက်သည်

🔥မီး🔥 {fire}Where stories live. Discover now