Unicode
"Player !!!"
"Player!!!!!!"
"Player!!!!!!!"တစ်ခါထက်တစ်ခါ tone မြင့်လာသောခေါ်သံကြောင့်နောက်ကျိနေသောခေါင်းကိုအသာလျစ်လျူရှူကာနာကျင်နေသောဂုတ်ကိုကိုင်ရင်းမျက်လုံးဖွင့်ကြည့်လိုက်တော့.....
မိမိဘေးမှာအပေါ်ရောက်လိုက်အောက်ရောက်လိုက်ပျံသန်းနေသောဘောလုံးကောင်......
သူမထလိုက်တာမြင်တော့ခုနကလိုပျံနေတာကိုရပ်ပြီးသူမအနားကပ်လာကာ
"Player သတိရလာပြီလား"
"ငါဘယ်ရောက်နေတာလဲ"
ဖြေစရာမလိုသောအမေးက်ိုဖြေမနေဘဲမိမိသိချင်တာကိုသာမေးလိုက်သည်။
"Player အခုရောက်နေတာကတော့ HM Game company ကအသစ်ထုတ်မဲ့ 3D imagination game ရဲ့ Villian system ပါ"
"ဘာကြီး?ဘာကြီး??"
ထိုဘောလုံးကောင်ပြောသမျှထဲသူမနားလည်တာ HM Game Company ဆိုတာကလွဲကျန်တာနားမလည်။ထို company ကိုသိရခြင်းကလည်းမကြာသေးခင်ကသူတို့ဆီကပူးပေါင်းဖို့လာပြောသေးသောကြောင့်ဖြစ်သည်။
"ဒါတွေထားပါ
ငါဒီထဲကပြန်ထွက်ချင်တယ်ဘယ်လိုထွက်ရမလဲ""ဒီ Game ရဲ့စည်းကမ်းကန့်သတ်ချက်အရ god player တွေသာပြန်ထွက်နိုင်ပါတယ်"
သူမထွက်လာသောဒေါသကိုအသာထိန်းကာ
"Ok...Ok....."သူမဒီနေရာက်ိုမရောက်ခင်ကအခြေအနေကိုပြန်စဉ်းစားရတော့သည်။
သူမဆီကိုဦးတည်လာသောဓားကိုင်ထားသောလူတစ်ယောက်......
ကား accident ကြောင့်ဝေးဝေးမပြေးနိုင်တဲ့အပြင်မခုခံနိုင်တဲ့သူမနောက်ဆုံးလက်နက်အနေနဲ့သူ့ဦးလေးရဲ့မကောင်းမှုအစုစုကိုရဲစခန်းဆီသို့ပို့လိုက်ရင်းရောက်ရှိလာမဲ့ဓားချက်ကိုခံယူလိုက်တယ်
#အလိုလျောက်အသက်သွင်းခြင်း စတင်ပါပြီ!!!!#
ဒါကသူမမေ့မလဲခင်နောက်ဆုံးကြားလိုက်ရသောစကားပင်။
YOU ARE READING
MISSION-I (Rest)
RomanceUnicode System:player!!! "ဘာလဲ!" System:player အဲ့လိုလုပ်လို့မရဘူးနော် "နင်ကလည်းဟာ သဘောၤလေးတစ်တွဲရေနစ်သွားရုံနဲ့ပင်လယ်ကြီးရေမတက်လာပါဘူး ပြီးတော့ နင်သိတဲ့အတိုင်းငါလေးကစေတနာတွေတအားကောင်းလို့ အပိုဆုပေးတဲ့ဟာ" system:Player!!!! ...