Game:02;Chapter:03

1.6K 197 13
                                    

Unicode

"Boss !!
Boss လိုချင်တဲ့အချက်အလက်တွေ"
Dark သူ့ရှေ့ကသူရဲဝင်ပူးနေပုံရအောင်ပြောင်းလဲသွားသော Boss ဖြစ်သူကြောင့်ခုနကကောင်မလေးလူတွေမှောက်အောင်ချနိုင်တာထက်တောင်ပိုအံ့သြနေမိသည်။

အကောင်းဆုံးဟူသော VVIP အခန်းထဲတွင် Boss ကထိုကောင်မလေးကခုံတွင်ထိုင်စေကာသူကထိုကောင်မလေးရှေ့တွင်ထိုင်ကာမျက်တောင်မခတ်တမ်းစိုက်ကြည့်နေလေသည်။
သူပြောတာကိုပြန်တောင်မဖြေဘေးကခုံပေါ်သို့လက်ပြလိုက်တာကြောင့်သူလည်းခုံပေါ်တင်ကာအနောက်ဆုတ်လိုက်တော့သည်။

အခြားလူဆိုမစောင့်နိုင်လို့ဆိုပြီးရေအေးတွေနဲ့ပတ်နှိုးပြီးသေမင်းမျက်လုံးတွေနဲ့စောင့်ကြည့်နေပြီးတော့😑😑😑။

Boss ကသူ့စိတ်ထဲကအတွေးတွေကြားသွားသည်လားမသိ။
သူ့ဘက်ကိုစူးစူးရဲရဲတစ်ချက်လှမ်းကြည့်ကာခုံပေါ်ကဖိုင်ကိုကိုင်ကာဖတ်နေတော့လေသည်။

Cordelia
28.12.1995
Blood type - B
5'5"
Model & Actress
Youth Orphange

Debute Film:You
Bla Bla Bla Bla
&$$(@) -7) $9$(-$:#! #)
^¢÷'°{€¶'°'°π^~℅£}∆%™©°€^™¢

သူ့ Boss စာရွက်တွေတစ်ရွက်ပြီးတစ်ရွက်ကိုဂရုတစိုက်ဖတ်နေတာကြောင့် Dark မှာအသက်ပင်ဖြောင့်ဖြောင့်မရှူရဲတော့။
တကယ်အရေးကြီးပြီးစီးပွားပျက်နိုင်ပါတယ်ဆိုတဲ့ project တောင်အစလောက်ပဲဖတ်တဲ့သူ့ Boss ကလူတစ်ယောက်ရဲ့ကိုယ်ရေးအကျဥ်းကို သေချာဖတ်နေသည်တဲ့လား။

တနေရာအရောက်စူးရဲသွားသောအကြည့်နဲ့လေထုတွင်းပျံ့နှံ့လာသောလူသတ်ရိပ်တို့ကြောင့် Dark မှာခြေပါမခိုင်ချင်တော့။
ပြောရရင်သူ့ Boss ထိုမျှဒေါသထွက်နေသည်ကိုမမြင်ဖူးပေ။

"Divana ကိုအခုချက်ချင်းဒီခေါ်လာခဲ့"
တစွန်းတစမြင်လိုက်ရသော video ကြောင့် Dark ဘာဆက်ဖြစ်မယ်ဆိုတာကြိုသိမိနေသလိုပင်။

Dark အပြင်ရောက်တာနဲ့မျက်နှာငယ်နဲ့ကိုယ်ရံတော်အုပ်စုအားတွေ့ရတော့လေသည်။
"ခေါင်းဆောင်~"

MISSION-I (Rest) Where stories live. Discover now