Game:01,Chapter:19

2.3K 282 3
                                    

Unicode

Zee တစ်ယောက်မနေ့ကသူလုပ်ခဲ့တဲ့ကိစ္စကိုမှားပြီလားလို့တွေးနေမိတယ်။
သူကအဲ့စာရွက်လေးသွားပေးယုံတင်ပေမဲ့ ကောင်းသန့်ကတော့ မဝင်တာကြာပြီဖြစ်တဲ့သူ့အခန်းထဲသို့နောက်တစ်ဖန်ခြေချစွာတော့သည်။
တစ်လရှိပြီ~~~~
Lily ရောက်ပြီးကတည်းကမဝင်တော့သောထိုအခန်းထဲသို့မနေ့ညနေကတည်းကပြန်ဝင်သွားတာမိုးလင်းသည်ထိကိုပြန်ထွက်မလာ။

သို့သော်သူကပြန်ထွက်မလာသောလည်း စောနကတင် ကောင်းသန့်သူငယ်ချင်းတစ်ယောက်သူ့အဖွ့ဲနဲ့ရောက်လာတော့လေသည်။
ကောင်းသန့်ကအပြင်ထွက်လာကာမပြောသော်လည်းသူ့ဖုန်းဆက်ကာ ဝင်ခိုင်းဖို့ပြောလေသည်။

ထိုလူများက Lily အခန်းရှေ့တွင်အသင့်အနေအထားနဲ့စောင့်နေကာတစ်ခုခုကိုလုပပ်ရန်ကြံရွယ်နေကြလေသည်။
ကောင်းသန့်ကိုသွားပြောရန်ပြင်သော်လည်းသူကိုယ်တိုင်ကတစ်ချက်မျှသာထွက်ကြည့်ပြီးပြန်ဝင်သွားတော့သည်။

"မင်းဘာတွေလုပ်ဖို့စဉ်းစားနေပြန်တာလဲ ကိုသန့်ရာ"
===========================
ကောင်းသန့် Lolly နဲ့စကားပြောပြီးကတည်းကစိတ်တို့ကပိုမိုလေးလံလားခဲ့တယ်။
ဒါကြောင့်သူမဝင်တာကြာပြီဖြစ်တဲ့ထိုအမှောင်ခန်း(ကောင်းသန့် အစပ်ိုင်းမှာ မိန်းမတစ်ယောက်ကိုနှိပ်စက်တယ်ဆိုတာမှတ်မိတယ်မလား အဲ့အခန်း)ထဲသို့ထပ်မံဝင်ခဲ့တယ်။
သူသွေးများစွန်းပေနေသောနံရံကိုကြည့်ကာတွေးနေမိတယ်။
ထိုသွေးများမှာလည်းမူလကအနီရောင်ဖြစ်သော်လည်းသူ့ကြောင့်သွေးများကအမှောင်ထဲတွင်အပြာတောက်တောက်များဖြစ်နေလေသည်။(မူခင်းကားတွေကြည့်ရင်လေ နံရံပေါ်မှာသွေးရှိမရှိသိရအောင်ဖြန်းတဲ့ဆေးရှိတယ်လေ အဲ့ဆေးဖြန်းပြီးမီးပိတ်လိုက်ရင်သွေးတွေကအမှောင်ထဲမှာတောက်ပြီးပေါ်နေတာလေ အဲ့တာနံရံမှာသုတ်ထားတယ်လို့တွေးပေး)။
တစ်ခန်းလုံးရဲ့နံရံကအမဲဖြစ်ကာသူ့ထိုင်နေသောထိုကုလားထိုင်ရှေ့ရှိနံရံကာသာအဖြူရောင်ဖြစ်နေလေသည်။
ထိုအဖြူပေါ်တွင်ပြေးနေသောအပြာရောင်တောက်တောက်လိုင်းများကာမီးအနီရောင်နဲ့လိုက်ဖတ်စွာ ရူးကြောင်ကြောင် Modern ပန်းချီကားတစ်ချပ်နဲ့တောင်တူနေသေးသည်။

MISSION-I (Rest) Where stories live. Discover now