Game:01;Chapter:24

2.4K 195 3
                                    

Unicode

Lily ကသူ့လက်ထဲကအပူပေးထားသောဓားနဲ့ကောင်လေးရဲ့မျက်လုံးနေရာကိုဖိချလိုက်တော့လေသည်။
ထိုအခါပါးစပ်ကိုဆို့ထားတာမရှိတာကြောင့်ထိုကောင်လေးရဲ့အသံဟာကျယ်လောင်စွာထွက်ပေါ်လာတော့သည်။
အော်သံကိုနားထောင်ရုံနဲ့တင်ထိုကောင်လေးရဲ့နာကျင်မှုကို Zee တွေးမိနေသည်။

ဖိထားတာကိုလွတ်လိုက်သည်နဲ့ထိုကောင်လေးဟာသူ့မျက်လုံးများကိုအုပ်ကာကြမ်းပြင်ပေါ်တွင်လူးလိမ့်ကာနာကျင်မှုလျော့ကျနိုးရုန်းကန်နေရပါတော့သည်။
Lily ကတော့သူမလွှတ်လိုက်ပြီးသည်နဲ့လက်လှမ်းမမှီနိုင်သည့်နေရာလောက်ကိုသွားရပ်ကာထိုကောင်လေးကိုပြုံး၍ကြည့်နေလေသည်။

"အခုစိတ်ကြိုက်အော်ထား
မကြာခင်အဲ့လိုအသံထွက်ဖို့တောင်မဖြစ်နိုင်တော့မှာစိုးလို့"

ပြောရင်းသူမရဲ့ဓားကိုဖယောင်းတိုင်မီးပေါ်သို့ပြန်တင်ကာအပူပေးနေတော့လေသည်။
ပူပြီဆိုတာနဲ့ထိုကောင်လေးရဲ့ရင်ဘတ်ကိုကပ်လိုက်တော့လေသည်။

"ရက်စက်တယ်ဆိုတာဘာလဲသိလား
မကောင်းဆိုးဝါးဆိုတာဘယ်လိုလဲသိချင်လား
အခုနင်ရှေ့မှာရှိနေတဲ့ငါကမကောင်းဆိုးဝါးထက်တောင်ပိုဆိုးတဲ့သူဆိုတော့နင်သိခွင့်ရှိသွားတာပေါ့
တကယ်နတ်ဆိုးဆိုတာဘာအဓိပ္ပာယ်လဲဆိုတာပေါ့"

သူမစိတ်ရှိတိုင်းလုပ်ကာပါးစပ်ကနေလည်းအဓိပ္ပာယ်ကောက်မရအောင်ကိုစကားကိုရှုပ်ထွေးစွာပြောနေတော့လေသည်။
Zee သူကိုယ်တိုင်ရဲခေါ်ထားတာကြောင့်ထိုအကြောင်းပြောကာရပ်ခိုင်းချင်သော်လည်း Lily ပုံစံကအသိစိတ်လွတ်နေသလိုမို့မပြောရဲဖြစ်နေတော့လေသည်။

သူရဲခေါ်တယ်ဆိုတာလည်းထိုကောင်မလေးကိုဒုက္ခရောက်စေလို၍မဟုတ်ဘဲထိုကောင်မလေးကိုသူတို့လိုလူတွေကြားတွင်မနစ်စေလို၍သာ။
သူ Lily ကိုသူမရဲ့အရင်ကလိုပျော်ပျော်ရွှင်ရွှင်နဲ့အပြစ်ကင်းတဲ့ကျောင်းသူလေးသာပြန်ဖြစ်စေချင်သည်။

"နင်ကဒီနေ့ကစပြီးအမှောင်ထဲမှာသေရမှာစောင့်နေတဲ့လူဖြစ်သွားပြီ
ကိုယ့်အန္တရာယ်ကိုလည်းမမြင်နိုင်မရှောင်ရှားနိုင်တော့ဘဲချောက်နက်ရှေ့မှာရပ်နေတဲ့သေဖို့စောင့်နေတဲ့လူလိုပဲဖြစ်သွားပြီ
အဲ့အတိုင်းကိုအသက်အကြာကြီးရှင်အောင်နေနော်
ဒါငါကိုပေးတဲ့လက်ဆောင်ပျော်ပျော်ရွှင်ရွှင်ကြီးလက်ခံလိုက်နော်"

MISSION-I (Rest) Where stories live. Discover now