Game:01,Chapter:07

4.7K 474 12
                                    

Unicode

ဧည့်ခန်းထဲမှာရှိနေသောလူနှစ်ယောက်ကမီးဖိုခန်းထဲမှပန်းကန်သံများကြောင့်အပြေးဝင်လာကြတော့ခုနကသူတို့ရှေ့မှပြေးထွက်သွားသောမိန်းကလေးမှာကြမ်းပြင်ပေါ်တွင်လဲကျနေတာတွေ့ရလေသည်။

"မောင်ရင် သမီးကိုအခန်းထဲသွားပို့ပေး
Uncle ဆရာဝန်ခေါ်လိုက်ဦးမယ်"

"ဟုတ် uncle"

....................

"ဘာမှမဖြစ်ပါဘူး
သွေးအားနည်းလို့မေ့လဲသွားတာပါ
ပင်ပန်းနေတာလည်းပါမှာပေါ့
ဘာမှစိတ်မပူပါနဲ့
အားဆေးတွေပေးခဲ့မယ် စောနကလည်းဆေးချိတ်ထားတာပဲကို"

သူငယ်ချင်းဖြစ်သူဒေါက်တာမှဦးစိုးသန့်(ခိုင်ပွင့်ဝေ အဖေ) ကိုနှစ်သိမ့်နေရတော့သည်။
သူ့သူငယ်ချင်းဖြစ်သူကသူ့သမီးကိုဘယ်လောက်ချစ်တယ်ဆိုတာသူတို့အားလုံးလည်းသိနေတာမို့ပင်။

ဦးစိုးသန့်ကတော့ခိုင်ပွင့်ဝေကုတင်ဘေးတွင်ခေါင်းငိုက်ကျနေတော့သည်။

"Uncle ကျွန်တော် ဆရာဝန်ကိုပြန်ပို့ပေးလိုက်ဦးမယ်"

ပြန်မဖြေတဲ့ဦးစိုးသန့်ကိုသတိပေးရုံလေးသာပြောပြီးဆရာဝန်ရဲ့လက်ဆွဲအိတ်ကိုဆွဲကာထွက်လာခဲ့လိုက်တော့သည်။

ဆရာဝန်ကိုကားပေါ်ပြန်တင်ပေးပြီးရဲစစ်သူပြန်လာသည့်တိုင်ဦးစိုးသန့်မှနဂိုပုံစံအတိုင်းပင်။

"Uncle သွားအိပ်တော့မလား
ကျွန်တော်ဆက်စောင့်ပေးမယ်လေ
Uncle လည်းမနက်ကုမ္ပဏီသွားရဉ်ီး......"

"မောင်ရင်ပြန်ပါတော့"

"ဗျာ?"

"ကျေးဇူးပြုပြီးမောင်ရင်ပြန်လိုက်ပါတော့
သမီးအခုလိုဖြစ်ရတာဘယ်သူကြောင့်လဲဆိုတာမောင်ရင်သိပါတယ်
Uncle ကျောင်းကသတင်းတွေအမြဲကြားတယ်
အဲ့တာကြောင့်မို့ပဲသမီးနဲ့မောင်ရင်ကိုစေ့စပ်ပွဲဖျက်သိမ်းစေချင်တာ
မောင်ရင်လည်းမောင်ရင်ကြိုက်တဲ့အဲ့ကောင်မလေးနဲ့အဆင်ပြေတာပေါ့
ဘာလို့..ဘာလို သမီးလေးကိုစိတ်ဒုက္ခပေးပြီးဆွဲထားချင်ရတာလဲ
ဘယ်သူ့အတွက်မှလဲမကောင်းဘဲနဲ့
မောင်ရင်သမီးလေးကိုချစ်တယ်ဆိုရင်သမီးလေးဒီလိုထပ်မဖြစ်အောင်ဂရုစိုက်ပေးပါ
အကယ်၍ဒီလိုကိစ္စထပ်ဖြစ်ခဲ့မယ်ဆိုအဲ့အခါကျသမီးတားနေလည်း uncle ဒီမင်္ဂလာပွဲကိုဖျက်ရလိမ့်မယ်
ဒီတစ်ခါကိုတော့သမီးလေးမျက်နှာနဲ့ကျော်သွားကြတာပေါ့
ပြောစရာရှိတာလည်းပြောပြီးပြီဆိုတော့နောက်မှထပ်ဆုံကြတာပေါ့"

MISSION-I (Rest) Where stories live. Discover now