Game:01,Chapter:06

4.8K 547 11
                                    

Unicode

System:player ကျေးဇူးပြု ပြီးငြိမ်ငြိမ်နေပေးပါလား

ခိုင်ပွင့်ဝေလမ်းလျှောက်နေရာကနေကုတင်ပေါ်လှဲချလိုက်မိတော့သည်။
ပြီးမှခေါင်းဦးပိုက်ကာပြန်ထလိုက်ရင်း

"ပိန်းဥလေး ရဲစစ်သူကမပြန်သေးဘူးလား"

ပိန်းဥလေးကခဏငြိမ်သက်သွားပြီးတော့မှ ဘလင်းဘလင်းထနေသောမျက်လုံးများဖြင့်မျှော်လင့်စောင့်စားနေသောခိုင်ပွင့်ဝေကိုကြည့်ကာသူ့ရဲ့ဘောလုံးခန္ဓာကိုယ်လေးကိုလေထဲ၌လှုပ်ရမ်းကာ

System:မပြန်သေးဘူး(နည်းတောင်နည်းသေးတယ် 😂😂)

လွန်ခဲ့သောမိနစ်အနည်းငယ်က

knock~knock~knock~

"ဪ မောင်ရဲစစ်သူ
သမီးကိုခဏထားခဲ့ပြီးအောက်ဆင်းခဲ့ပါလား
ဦးတို့ပြောစရာရှိတယ်"

"ဟို....ဟို...ဦးလေး...."

သူမဆုပ်ကိုက်ထားသောလက်ကိုညွှန်ပြလိုက်တော့သည်။

"ရတယ် အရုပ်တစ်ရုပ်ထည့်ပေးထားလိုက်
မောင်ရင်ကိုသမီးရဲ့စေ့စပ်ပွဲနဲ့ပတ်သတ်ပြီးပြောစရာရှိတယ်"

"ဟုတ်ကဲ့ ဦးလေး"

"အေးအေး
ပြီးရင် ဧည့်ခန်းကိုလိုက်ခဲ့"

ထို့နောက်တွင်တေ့ာ ရဲစစ်သူကသူမလက်ထဲအားဘေးမှအရုပ်တစ်ရုပ်ထည့်ပေးကာထွက်သွားတော့သည်။
သူမလည်းအဲ့တော့မှအိပ်ချင်ယောင်ဆောင်နေရာကနေထရတော့သည်။

သူမရဲ့ပိန်းဥလုံးလေးကလည်းကျန်တဲ့နေရာတော့မသိ။
Wifi လွှင့်တဲ့နေရာမှာတော့တော့်သည်ပြောရမည်။
သူမကသူမရောက်နေတဲ့ပေသတ်မှတ်ချက်အတောအတွင်းသိချင်တာသိပိုင်ခွင့်ရှိသည်။
တစ်နည်းပြောရရင် သူမအိမ်ပေါ့
ခြံအကျယ်အကန့်အသတ်တော့မသိပေမဲ့ ခြံပေါက်ဝတံခါးကနေကားဘယ်နှစီးဖြတ်လာတယ်
ဘယ်သူလာတယ် အိမ်မှာဘယ်သူတွေရှိတယ်

အခုလည်းဆာလောင်နေသောဗိုက်ကိုလျစ်လျူရှူ၍မရတာကတစ်ကြောင်း၊ခုနကအိပ်ချင်ယောင်ဆောင်ပြီးမှငါလေးအိပ်မပျော်ပါဆိုပြီးချက်ချင်းကြီးမျက်နှာပြောင်မျက်လှည့်မပြရဲသေးတာကတစ်ကြောင်းကြောင့်ဟိုငနဲရဲ့အပြန်ကိုစောင့်နေသော်လည်း ချိဖ ကမွေးသဖခင်ကျေးဇူးရှင်တွေနဲ့ဘာပြောမှန်းမသိပေရှည်ကာကြာနေလေသည်။

MISSION-I (Rest) Where stories live. Discover now