Game:01;Chapter:23

1.8K 172 0
                                    

Unicode

Lily ထိုဓားကိုချက်ချင်းဆွဲနှုတ်ပြီးနောက်တစ်ဖတ်ကိုလည်းထိုနည်းတူထိုးချလိုက်တော့သည်။

"Ashiiii
အရမ်းနာညီးတာပဲ
တိတ်တိတ်လေးနေပေးလို့မရဘူးလား

Zee သူကိုအသံမထွက်အောင်လုပ်ပေးလို့မရဘူးလား
သူ့အသံကြားရတာစိတ်ပျက်ဖို့ကောင်းတယ်

သူ့ကိုအပြီးပြောမရအောင်မလုပ်နဲ့ဦးနော်
သူ့ဆီကစကားတချို့ကြားရဦးမယ်"

Zee Lily ရဲ့မကောင်းဆိုးဝါးပုံစံကြောင့်သူတောင်လန့်လာသလိုပင်။
ပြောရရင်သူကိုယ်တိုင်တောင်ထိုကဲ့သို့သွေးသံရဲရဲနဲ့နှိပ်စက်တာမျိုးမလုပ်ကောင်းသန့်ကလည်းသတ်စရာရှိသတ်တဲ့သူမို့ထိုသို့သွေးသံတရဲရဲနဲ့မြင်ကွင်းကသူနဲ့စိမ်းနေလေသည်။
ထို့အပြင် Lily ကပြုံးနေသေးသော်လည်းသူမအပြုံးကသွေးဆာနေသောမကောင်းဆိုးရွားလိုပင်။
မျက်လုံးကလည်းအဝေးတနေရာသို့ငေးကြည့်နေသလိုအသက်မဲ့နေလေသည်။

Zee အခုချိန်မှာသူမနဲ့ပူးပေါင်းရန်တွေးမိတာကိုပင်ဝမ်းသာနေမိသည်။
Zee သူမပြောပြီးသည်နဲ့သူအပြင်ထွက်ကာသဘတ်တထည်အမြန်ယူကာထိုကောင်လေးပါးစပ်ကိုဆို့ပေးထားလိုက်တော့သည်။

ပြီးတာနဲ့ထိုဓားကိုလည်းဆွဲနှုတ်ကာအဝေးတစ်နေရာသို့လွှင့်ပစ်လိုက်တော့သည်။
နောက်တခန်းလုံးကိုအရူးလိုလျှောက်ကြည့်နေပြီးကောင်းသန့်အမေဓာတ်ပုံရှေ့မှာသွားရပ်ကာခေါင်းငုံအရိုအသေပေးလိုက်ပြီး

"အန်တီ Lily ပစ္စည်းတစ်ခုလောက်ငှားချင်လို့
Lily ကိုငှားပေးပါ"

သူမနောက်တစ်ကြိမ်ခေါင်းငုံကာအရိုအသေပေးလိုက်သည်။
ပြီးတာနဲ့အရိုးပြာအိုးတင်ထားသောခုံကိုအောက်ခြေကနေကိုင်ကာဆွဲမြှောက်လိုက်ပြီးကောင်လေးဘက်ကိုအရှိန်ပြင်းစွာလွှဲရိုက်လိုက်တော့သည်။
Zee ကတော့သူမကိုကြည့်ကာမျက်လုံးပြူးမျက်စံပြူးဖြစ်နေလေသည်။
အရိုးပြာအိုးကွဲသွားတာကြောင့်ပြာတွေဟာထိုအလုံပိတ်အခန်းတွင်သာပျံ့နှံ့နေတော့လေသည်။

ပါးစပ်ပိတ်ထားသော်လည်းနာကျင်မှုကြောင့်ဝူးဝူးဝါးဝါးအော်သံကိုသူမကြားနေရသေးလေသည်။
ထို့အပြင်နာကျင်မှုကိုအံတုကာသူမကိုနာကျဥ်းစွာကြည့်နေသောမျက်လုံးအစုံကိုလည်းသူမတွေ့နေရသေးလေသည်။
ခြေထောက်ကသေနတ်မှန်ထားသည့်အပြင်ဓားပါထိုးခံထားရတော့လှုပ်ပင်မလှုပ်တော့တာကြောင့်ထိုကောင်လေးဟာထိုနေရာတွင်ပင်သူမပြုသမျှလူးလိမ့်ခံနေရတော့လေသည်။

MISSION-I (Rest) Donde viven las historias. Descúbrelo ahora