Unicode
"ဘာကိုလဲ?"
ခုနကမော်ချီနေသောမျက်နှာမှာသူမကြည့်လာလေသည်။"ဒီအချိန်လောက်ဆို ဖြူကကျောင်းဂိုထောင်မှာရှိမယ်ထင်တယ်"
သူမစားပွဲပေါ်လက်ထောက်ကာမေးတင်လိုက်ပြီး
ကောင်တာဘက်လှည့်ကာ"သူ့ချစ်သူကိုစောင့်နေလောက်မှာ"
သူမရဲစစ်သူဘက်ခေါင်းလှည့်လာပြီး
"ဒါပေမဲ့သူ့ကိုခေါ်တာသူ့ချစ်သူမဟုတ်မှန်းသိရင်တော့
သူစောင့်နေတဲ့သူကပြောင်းသွားနိုင်တယ်"ပြီးတော့မှလက်ပိုက်ကာနောက်ကိုမှီချလိုက်ရင်း
"သူ့ကိုအမြဲကယ်ခဲ့တဲ့သူရဲကောင်းသူငယ်ချင်းလေးကိုမျှော်နေလောက်မှာ"
သူမနာရီကိုကြည့်ရင်း
"Oh!! ဒီအချိန်ဆိုရင်တော့သူ သူ့ချစ်သူကိုမျှော်မနေလောက်တော့ဘူး
ပြီးတော့ ကျောင်းတံခါးလည်းပိတ်တော့မယ်"သူမလေထဲမှာလက်များမြှောက်ကာ
"ရှင် သိတယ်မလား
ဂိုထောင်ကကျောင်းရဲ့အရှုပ်ပွဆုံးနေရာလေ
ပြီးတော့ ဖြူ အကြောက်ဆုံးကကြွက်နဲ့ပင့်ကူလေ
သူဒီအချိန်ဆိုမသိသေးပေမဲ့နောက်ကျလို့တံခါးပိတ်သွားရင်.....
အဲ့လိုနေရာမှာသာတစ်ညနေလိုက်ရရင်တော့ဖြူ.....
ကျွတ်...ကျွတ်""မင်းဘာလိုချင်တာလဲ"
မျက်မှောင်ကြုတ်ကာစားပွဲကိုလက်နဲ့ရိုက်ကာမေးလေသည်။သူမခုံကိုပြန်မှီကာခြေချိတ်လိုက်ပြီးလက်ပိုက်ကာ
"Easy Boy! Easy
ရှင့်ကိုကျွန်မရွေးချယ်ခွင့်ပေးမှာပါ
ရှင် အခုချက်ချင်း ဒီကထွက်သွားပြီး ဖြူ့ဆီသွားလို့ရတယ်
မိန်းမလှလေးကိုအန္တရာယ်တွေကြားကကယ်ထုတ်ပေးမဲ့သူရဲကောင်းသွားလုပ်ပေါ့
အကယ်၍ ရှင်သာ ကျွန်မခိုင်းတာတစ်ခုလုပ်မယ်ဆိုရင်ပေါ့
မလုပ်ချင်ရင်တော့ရှင်ဒီမှာကျွန်မနဲ့စည်သူစကားပြောပြီးတာစောင့်ပြီးအိမ်ပြန်ကြတာပေါ့"
YOU ARE READING
MISSION-I (Rest)
RomanceUnicode System:player!!! "ဘာလဲ!" System:player အဲ့လိုလုပ်လို့မရဘူးနော် "နင်ကလည်းဟာ သဘောၤလေးတစ်တွဲရေနစ်သွားရုံနဲ့ပင်လယ်ကြီးရေမတက်လာပါဘူး ပြီးတော့ နင်သိတဲ့အတိုင်းငါလေးကစေတနာတွေတအားကောင်းလို့ အပိုဆုပေးတဲ့ဟာ" system:Player!!!! ...