Game:01,Chapter:17

2.6K 322 4
                                    

Unicode

သူမထိုကားလာရာလမ်းမှာမျက်လုံးများမ ှိတ်ကာပိတ်ရပ်နေလိုက်တော့သည်။
ခဏကြတော့ "ကွီျ " ဟူသောအသံရှည်တစ်ချက်ဆွဲကာ "ဒုန်း" ခနဲအသံနဲ့အတူအရာရာဟာတိတ်ဆိတ်သွားတော့သည်။
သူမဟာလည်းရင်ခွင်ကျယ်တစ်ခုထဲရောက်ကာနွေးထွေးမှုကိုခံစားရတော့သည်။

"ကိုယ်တောင်းပန်ပါတယ်နော်
ကိုယ်ကအဲ့လိုဆိုလိုချင်တာမဟုတ်ပါဘူးနော်
အခုကိုယ့်ကို သာ lily ထားခဲ့ရင် ကိုယ်ရူးသွားမှာ
Lily ကကိုယ်ရူးသွားတာကြည်ချင်လို့လား huh?"

သူမ ရင်ဘတ်နေရာကိုသာခေါင်းနဲ့ထိထားလိုက်ပြီးသူမရဲ့မပြီးဆုံးသေးသောမျက်ရည်စက်များကိုဆက်လက်ကျဆင်းစေလိုက်တော့သည်။

"ကိုယ် lily ကိုငိုအောင်လုပ်မိလို့တောင်းပန်ပါတယ်နော်
အခုဝအောင်ငိုလိုက်ပါ
နောက်ကိုယ်နဲ့ရှိနေတဲ့အချိန် lily မျက်ရည်တစ်စက်မကျရအောင်ကိုယ်ကြိုးစားပါ့မယ်နော်"
ဟုဆိုကာသူမကိုသူ့ရင်ခွင်ထဲရောက်အောင်ပိုတိုးဖက်လိုက်တော့သည်။

ကောင်းသန့် သူ့ရင်ခွင်ထဲမှကောင်မလေးကိုဆွဲထုတ်ကာလက်မောင်းကနေကိုင်ရင်း သူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားအောင်ခါးနည်းနည်းညွှတ်လိုက်ကာ

"အခုမငိုနဲ့တော့နော်
Ashi....
ကိုယ့် ကလေးငိုရင်တကယ်ရုပ်ဆိုးတာပဲ
နောင်ကိုငိုအောင်မလုပ်မိဖို့သတိထားရမယ်
မဟုတ်ရင် ရုပ်ဆိုးဆိုးကြီးတွေ့နေရဦးမယ်"
သူကစကားပြောလိုက်တော့

"ကောကော...နော်"
ဟုဆိုကာနှုတ်ခမ်းကိုက်ကာခြေဆောင့်နေလေသည်။

သူမ ဘယ်လိုလုပ်လုပ် ဒီလူ ကိုဆွဲဆောင်နိုင်တာ သူမမသိလေရော့....
အခုလည်း ငိုထားတာကြောင့် နှာခေါင်းထိပ်နဲ့ပါးများရဲကာချစ်စရာကောင်းနေပြန်သေးသည်။

'Arrrrrrr
တကယ်ချစ်ဖို့ကောင်းလိုက်တာ'

"ကဲပါ
ခုငိုထားတော့ဗိုက်ဆာနေမှာပေါ့
စောနကလည်း ဟိုတစ်ယောက်ကြောင့်မစားလိုက်ရဘူးမလား
အခု ကြိုက်တာစား
အစားများပြီးဗိုက်ခေါက်ထွက်ရင်နည်းနည်းလေးတော့လိမ်ဆွဲမယ်"
(A.N-အခုရက်ပိုင်း kogyi သီချင်းနဲ့ဓာတ်ကျနေလို့ပါ😝😝😝)

MISSION-I (Rest) Where stories live. Discover now