Plan စကားကို Mean ကြားလိုက်ရ၍ စိတ်ထဲမှာ
စိတ်မကောင်းသွားတာတော့ အမှန်ပါ
Mean အဲ့လို ရည်ရွယ်ပြီးပြောတာမဟုတ်ရိုးအမှန်ပါ..
ဒါပေမဲ့..Plan အထင်လွဲသွားပြီ
ဒါပေမဲ့ Mean ရှင်းပြဖို့မကြိုးစားခဲ့မိဘူး...
အဲ့လို မရှင်းပြခဲ့တာသာနောက်ကျ Mean တို့အတွက် အနှောင့်အယှက်ဖြစ်စေမယ်ဆိုတာသာ သိခဲ့ရင်မင်းကြိုက်သလိုသာထင်လိုက်
ဘာတဲ့..ကြိုက်သလို ထင်တဲ့လား...အော်..ငါ့ဘဝက အပျော် တဲ့လား..ဒီစကားက Plan ကို သတ်နေသလိုပါပဲ ကိုကိုရယ်...
ကောင်းပါပြီ..Plan ကလည်း ပျော်တော်ဆက်လိုမျိုး..ကိုကို စိတ်တိုင်းကျ နေပေးပါ့မယ်...
Plan ရင်ထဲမှာေုဗာင်းဆန်နေပေမဲ့ ကိုကိုမမြင်အောင် အံကိုကြိတ်ကာ ခေါင်းကိုမော့၍ တည်ငြိမ်စွာ ပြောလိုက်သည်။
နေချင်သလိုသာ နေကွာ...တောက်..အာရုံကိုနောက်တယ်Mean ဒေါသတကြီးပြောကာ အခန်းထဲက တံခါးစောင့်ပိတ်ကာ ထွက်လာလိုက်သည်။
Plan ကိုယ်လိုချင်တာ ဒီလို မဟုတ်ဘူး...အေးအေးဆေးဆေး တည်ငြိမ်တဲ့ပုံ ဖမ်းမနေပါနဲ့ကွာ...မင်းက ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ နေတတ်တဲ့ သူတယောက်ပါ...မင်း သွေးအေးသွားမှာ ကိုယ်ကြောက်တယ်...မင်းအကြောင်းကိုယ်သာအသိဆုံးပါကွာ..
ညီမလေးကြောင့်သာ မင်းကို ကိုယ်စိတ်နာနေတာပါ..
ကိုယ်ကမင်းကိုနောင်တရပြီး တောင်းပန်စေချင်တာ.....
မင်းအပေါ်ထားတဲ့ ကျန်တဲ့အပိုင်းက အရင်တိုင်းပဲ အရင်တိုင်းလေးပါပဲ..Plan ရယ်...Plan မအိပ်သေးဘူးလား...
Mean စကားမရှိ စကားရှာပြီး ပြောလိုက်တော့ Plan ဆီမှ
မအိပ်သေးဘူး
ဟူသော တစ်ခွန်းသာ ခပ်ပြတ်ပြတ် ပြန်ပြောတာမို့ Mean သက်ပြင်း တစ်ချက်ချလိုက်သည်။ဟူး..တကယ်မလွယ်စိန်လေးပါပဲလား...
ငါသူ့အပေါ်ရက်စက်ခဲ့မိတာတွေအတွက်ရော...သူက ခွက့်လွှတ်နိုင်ပါ့မလား...Mean Plan စာရေးနေတာကို ကြည့်နေရင်း ဘ်ာအချိန် အိပ်ပျော်သွားမှန်းမသိလိုက်။
YOU ARE READING
အမုန်ခံ၍ချစ်မယ်
Fanfictionငါမင်းကို ချစ်လွန်းလို့ ယူခဲ့တယ် ထင်နေလား ကလဲ့စားချေမလို့ကွ မြဲမြဲမှတ်ထား ကိုကို ကျေနပ်တဲ့ထိ ပေးဆပ်ပါ့မယ်