Baby ရေ..ကိုယ် လုပ်ထားတဲ့ မုန့်လေး လာစားကြည့်ပါအုန်း..
ကောင်းရဲ့လား လို့..Mean ကုမ္ပဏီ နားရက်မှာ Plan ကြိုက်တဲ့ မုန့်ကို Mean ကိုယ်တိုင် လုပ်ကျွေးနေတာရယ်..
Ok!!ဆရာကြီးရေ..ဘယ်လိုလဲ
ဆိုင်ဖွင့်စားတော့မလို့လား..
မလုပ်ပါနဲ့..တခြားဆိုင်တွေ စီးပွားပျက်နေပါ့မယ်..ဟဟကိုယ့်baby ကြိုက်တာလေးကို ကိုယ်က အလုပ်နားတုန်း လုပ်ကျွေးရမှာပေါ့..
Plan ပါးလေးကို ဖဲ့ကာ ပြောနေသော Mean ကို ကြည့်၍ Plan မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ ဟင်း..ပြောနေလိုက်တာများ...
အရင်ကတော့ သူမဟုတ်သလို..အရမ်းကောင်းတာပဲ..နောက်လဲ လုပ်ပေးနော်..အဟီး😁😁
ဒါဆို ကိုယ်နဲ့ အပေးအယူ လုပ်ရမယ်..
ကိုယ့်ကို သားသားလေးဖြစ်ဖြစ် မီးမီးလေး ဖြစ်ဖြစ် baby က မွေးပေး ကိုယ်က အမြဲ လုပ်ကျွေးမယ်..Mean မချိုမချဉ် မျက်နှာပေး နဲ့ပြောလိုက်တော့ Plan မျက်နှာ ဖြူဖြူလေးက နှင်းဆီခင်းကြီးအလား...
ဟာ..ကိုကိုကလဲ..ဘာမှန်းလဲ မသိဘူး..
ဒါ ရှက့စရာလား baby ရယ် ခုဆိုလေ ကိုယ်တို့လို အတွဲတွေ ကလေး ယူနေကြတာ တစ်ပုံကြီးပါ..နော်..ကိုယ်လည်း ကိုယ့် baby က မွေးပေးတဲ့ သားသားမီးမီး လေးတွေ လိုချင်တာပေါ့..ကိုယ့်အသိ ဒေါက်တာ ရှိတယ် ကိုယ်တို့ သွားရအောင်နော်..
အင်းပါ..ကိာကိုရဲ့..ကိုကို လိုချင်တယ်ဆိုတော့လဲ Plan က အရဲစွန့်ပြီး မွေးပေးပါ့မယ်..
ကျေးဇူးပဲနော်..baby..
Mean နဲ့ Plan တို့ အိမ်ထောင်ရေးက ခု တော်တော်လေး ကို အဆင်ပြေလာခဲ့ပါပြီ..
Na က လဲ ဟိုမှာ ကျန်းမာရေး တော်တော်ကောင်းလို့ မကြာခင် ထိုင်းနိုင်ငံကို ပြန်လာတော့မှာတဲ့
Mean နဲ့ Plan အကြောင်းသိသွားတော့လဲ..Na က သဘောတူခဲ့ပါတယ်..
သူအမှားအတွက်လည်း တောင်းပန်ခဲ့တယ်...

YOU ARE READING
အမုန်ခံ၍ချစ်မယ်
Fanfictionငါမင်းကို ချစ်လွန်းလို့ ယူခဲ့တယ် ထင်နေလား ကလဲ့စားချေမလို့ကွ မြဲမြဲမှတ်ထား ကိုကို ကျေနပ်တဲ့ထိ ပေးဆပ်ပါ့မယ်