ဒေါ်ကြီး Plan ရော...
မသိဘူး..သခင်လေး..မနက်စာပြင်ပြီး ထွက်သွားတာပဲ..
ကားနဲ့သွားတာလား....
မဟုတ်ဘူး...သခင်လေး..
သူကဘာသဘောလဲ...Mean ကို မမြင်ချင်လို့ ရှောင်ထွက်သွားတယ်ဆိုတဲ့ သဘောလား...Mean သူ့ဆီ ဖုန်းဆက်လိုက်သည်။
စက်ပိတ်ထားတယ်တဲ့...
တောက်...ဟာကွာ..ဘာလို့ ဖုန်းကို ပိတ်ထားရတာလဲ...Plan..Plan ...မင်းကွာ...
Mean ဒေါသအရမ်းထွက်နေတာမို့ နံရံကို လက်သီးနဲ့ ထိုးလိုက်သည်။
💙💚💚💙💙💚💚💙
Mean စာတိုက်ကပြန်လာတော့သောက်နေကျ ကော်ဖီဆိုင်ကို ဝင်ပြီး
စာရေးနေရင်း အေးအေးဆေးဆေး ထိုင်နေလိုက်သည်။
မေ့နေတာ..မနက်က စာတိုက်မှာ အယ်ဒီတာချုပ်နဲ့စကားပြောနေတုန်းကတည်းက စက်ပိတ်ထားမိတာ...ဖုန်းပိတ်ထားတာကို ပြန်ဖွင့်လိုက်တော့ ကိုကိုဆီက ဖုန်းတွေခေါ်ထားတာ တွေ့လိုက်ရသည်။နေပါစေ...ပြန်မခေါ်တော့ဘူး..ငါ့ကို ဆူဖို့ပဲ နေမှာပေါ့...
Plan စာရေးတာ mood ဝင်သွားတော့ အချိန်တော်တော်ကြာသွားသည်။
ဟိတ်..P'
အမလေး..လန့်တာ...Maya ရယ်....ရှုတင်မရှိဘူးလား...
ရှိတယ်P'..ရှုတင်ပြီးသွားလို့..ကော်ဖီဝင်သောက်ရင်း P' ကိုတွေ့လို့ ဝင်နှုတ်ဆက်တာ..
အေးပါ..Maya ရယ် ...N' နှုတ်ဆက်တာက P' ကို လူသတ်တာ ကျနေတာပဲ...
Plan တကယ်ကို လန့်သွားတာပါ..Plan စကားကို Maya က ရယ်လိုက်တော့ Plan လည်း လိုက်ရယ်လိုက်မိသည်။
Maya ဆိုတာ Nira လိုမျိုးပဲ..မောင်နှမတွေလို ခင်ကြတာ..Maya က Plan ရေးပေးတဲ့ ဇာတ်ညွှန်းနဲ့ နာမည်ရလာသူမို့..Plan ကို အရမ်းကျေးဇူးတင်ပြီး..တွေ့တိုင်းလည်း သူ့ဖို့ ဇာတ်ညွှန်းတွေ ထပ်ရေးပေးဖို့ ပူဆာတတ်သည်။P'နော်...ya ကို အခုတလော ပစ်ထားတယ်နော်...Ya နဲ့လိုက်တဲ့ ဇာတ်ကောင်လေး ရေးပေးပါဦး P' ရယ်..
YOU ARE READING
အမုန်ခံ၍ချစ်မယ်
Fanfictionငါမင်းကို ချစ်လွန်းလို့ ယူခဲ့တယ် ထင်နေလား ကလဲ့စားချေမလို့ကွ မြဲမြဲမှတ်ထား ကိုကို ကျေနပ်တဲ့ထိ ပေးဆပ်ပါ့မယ်