P'..ဘာတွေတွေးနေတာလဲ...
လန့်လိုက်တာ..Na ရယ်..P' ဇာတ်ညွှန်း စဉ်းစားနေတာ..
Plan Na ကို ညာပြောလိုက်မိသည်။တကယ်တော့..ဇာတ်ညွှန်းစဉ်းစားနေခြင်းမဟုတ်။ ဆရာ့ကို သတိရနေမိခြင်း။ လွမ်းလိုက်တာ ဆရာရယ်။
ဒါနဲ့..P' Na ရှူတင် ကို လာမယ်လို့ ပြောထားတယ်နော်..ကတိနော်..
အင်းပါ..ကတိ..ကတိ..
Plan ပြောလိုက်တော့ ကလေးတယောက်လို ပျော်ရွှင်စွာ ထွက်သွားတဲ့..Naရယ်ပါ..
ဒီကလေးမကတော့လေ...
လွမ်းလိုက်တာဗျာ..ဆရာရယ် ကျတော်တို့ ကံက ဆိုးလိုက်တာဗျာ...Plan ကတိပေးထားတဲ့အတိုင်း...Plan Na ရှူတင်ကို လိုက်သွားလိုက်သည်။
P' တကယ်လာတယ်နော်..ပျော်လိုက်တာ...
အတော်ပဲ..Love scene ရိုက်ရမှာ..Na က သူပြောချင်ရာ ပြောပြီး..ရိုက်ကွင်းဆီ ပြန်ပြေးသွားတော့သည်။ ဒီ scene မှာ Na က ကိုယ်ချစ်တဲ့သူကို အကြင်နာအကြည့်တွေနဲ့ ချစ်တဲ့အကြောင်းတွေ ပြောရမှာ ဖြစ်တာကြောင့်..မင်းသား New ရဲ့ နောက် Na ရဲ့ မျက်နှာချင်းဆိုင်က P'Plan ကို ကြည့်ပြီး..P'Plan ကို ပြောနေရသလို ချစ်တဲ့အကြောင်းတွေ ပြောပစ်လိုက်သည်။ မင်းသား New က Na ကို တဖက်သတ် ကြိုက်နေတာလေ။ ရိုက်ကွင်းပြီးသွားတော့ Na P'Plan ရှိရာ သွားထိုင်တော့...
New နဲ့ Na က အရမ်းလိုက်ဖက်တာပဲ..ပရိတ်သတ်တွေလဲ သဘောတူနေကြတာ..Confirm လိုက်တော့လေ..
အာ..လာပြန်ပြီတယောက်..မနက်က ကိုကို က လဲ ပြောပြီးပြီ...
Na အကို ဆိုပါလား..တခါမှလဲ မကြားဖူးပါဘူး..အကိုရှိတယ်လို့..
P' က Na ကို တစ်ဦးတည်းသော သမီးမှတ်နေတာ..အကို ရှိတယ်ပေါ့...
ဟုတ်တယ်P'...ကိုကို က နိုင်ငံခြားမှာ အနေများတယ်..ခုတော့ ဒီမှာပဲ ပြန်နေတော့မယ်..Naမွေးနေ့ကျ မိတ်ဆက်ပေးမယ်လေ...
YOU ARE READING
အမုန်ခံ၍ချစ်မယ်
Fanfictionငါမင်းကို ချစ်လွန်းလို့ ယူခဲ့တယ် ထင်နေလား ကလဲ့စားချေမလို့ကွ မြဲမြဲမှတ်ထား ကိုကို ကျေနပ်တဲ့ထိ ပေးဆပ်ပါ့မယ်