အမုန်းခံ၍ချစ်​မယ်​ Part 8

1.2K 94 4
                                    

P' ဘာလို့ စာ မ​ရေး​တော့တာလဲ..

Plan စာမ​ရေး​တော့ဘူးဆိုလို့ Ya တ​ယောက်​ အိမ်​ထိ လိုက်​လာပြီး လာ​မေး​နေခြင်း။

P'လက်​က ​တော်​​တော်​ထိသွားတယ်​ Ya အချိန်​တခုထိ P'နားရလိမ့်​မယ်​..P' မနားချင်​​ပေမဲ့လဲ နားရပြီ Ya ရယ်​..

Ya က Plan အတွက်​ Na လိုမျိုး ညီမ​လေးတ​ယောက်​လို ဖြစ်​​နေတဲ့အတွက်​ Ya ​ရှေ့မှာ Plan ငိုလဲ ကိစ္စ​တော့ မရှိတာမို့ Plan ငိုမိ​သေးသည်​။ Ya က Plan လက်​က​လေး ကို ဆုပ်​ကိုင်​ကာ အား​ပေးနှစ်​သိမ့်​ရှာသည်​။

ထိုမြင်​ကွင်းကို အိမ်​ဝကဝင်​လာပြီး မြင်​လိုက်​ရ​သော Mean က​တော့

တောက်​..ကြည့်​စမ်း ငါလာတာ​တောင်​မမြင်​ပဲ မိုးမမြင်​ ​လေ မမြင်​ဖြစ်​ ​နေလိုက်​ကြတာ..ဒါနဲ့များ ချစ်​တယ်​.ချစ်​တယ်​ နဲ့ တဖွဖွ​ပြောပြီး လိမ်​​နေ​သေးတယ်​..
Mean ​ဒေါသတကြီးနဲ့ ဝင်​လာပြီး..

ဒါက ဘယ်​လို ဖြစ်​​နေကြတာလဲ..ရွံဖို့​ကောင်းလိုက်​တာကွာ..ဟမ်​!!

Plan ​ရော Ya ပါ အံသြ တုန်​လှုပ်​မှုနှင့်​ နှစ်​​ယောက်​လုံး မတ်​တပ်​ရပ်​ လျက်​သား ဖြစ်​သွားသည်​။

သူများအိမ်​ထိ လာပြီး ကာမပိုင်​ရှိတဲ့ ​ယောကျာ်း​လေး တ​ယောက်​ကို အရှက်​မရှိ လိုချင်​ရ​အောင်​ မင်းက ဘယ်​လို မိန်းမမျိုးလဲ ဟမ်​!!

Mean Ya ကို ​နောက်​ကို ​စောင့်​တွန်းထုတ်​လိုက်​တာ​ကြောင့်​ Ya ​နောက်​က အုတ်​နံရံနှင့်​ တိုက်​မိသွားသည်​။

ကိုကို..ကိုကို ဘယ်​လို လုပ်​လိုက်​တာလဲ..ဒါ Plan ရဲ့ ဧည့်​သည်​..

Plan ​ဆောင့်​​အော်​လိုက်​တာ​ကြောင့်​ Mean ပိုပြီး ​ဒေါသထွက်​သွားရသည်​။ Ya က​တော့ အံသြကာ​ကြောင်​ကြည့်​​နေရာမှ

မဟုတ်​ဘူးP'..P' အထင်​လွဲ​နေတာပါ..

တော်​စမ်းပါ..မင်းတို့က ​ဗြောင်​လိမ်​​ဗြောင်​စား လုပ်​ချင်​​နေ​သေးတာလား..ငါ့မှာ​တော့ ငါ့​ကြောင့်​ Plan ဒဏ်​ရာ ရသွားတယ်​ ဆိုပြီး စိတ်​ပူပြီး အူယားဖားယား ​ပြေးလာလိုက်​ရတာ..ခု​တော့..မင်းတို့က ကွယ်​ရာမှာ ​​ဖောက်​ပြန်​ချင်​တိုင်း ​ဖောက်​ပြန်​​နေကြတာ​ပေါ့​လေ..ထွီ ရွံစရာ​ကောင်းလိုက်​တာကွာ..

အမုန်​ခံ၍ချစ်​မယ်​Where stories live. Discover now