ကိုကို မရှိဘူး..ဘာကိစ္စ ရှိလို့လဲ
Plan ခပ်ပြတ်ပြတ်ပဲပြန်ပြောလိုက်သည်။
Mean မရှိတာသိပါတယ်...တို့က မင်းဆီကို သက်သက်လာတာ...
ထူးထူးဆန်းဆန်း ပါလား...Plan ဆီကို လာတာတဲ့...
ကောင်းသောလာခြင်းတော့ မဖြစ်နိုင်....ပြောပါ..ကျတော် အချိန်များများမရဘူး...လိုရင်းပဲပြောပါ...
တို့ကြားတာတော့..မင်းကို..Mean က ကလဲ့စားချေ ချင်လို့..ယူခဲ့တာဆို..အဲဒီတော့...မင်းလည်းစိတ်ဆင်းရဲမှာပေါ့...ဒါကြောင့်..မင်း Mean ကို ကွာရှင်းပေးပါ....
Plan တော်တော်တင်းသွားပါသည်။
ဘယ်လိုလူပါလိမ့်..သူများကိုယ်ရေးကိုယ်တာကို စွက်ဖက်လှချည်လား
ဒီလိုထိ ပြောလာတယ်ဆိုတော့..တကယ်ပဲ..သူနဲ့ ကိုကို က ဘယ်လောက်ထိ ပတ်သတ် နေကြတာလဲ...ကိုကိုက Plan ကို ကွာရှင်းမပေးတာပါ..P'Mai အမှတ်မှားတာ ဖြစ်ပါလိမ့်မယ်...
Plan ကလည်း ခပ်ချေချေ ပင် ပြန်ပြောလိုက်တော့...
အဲ့တာကို တို့ တာဝန်သာထားလိုက်ပါ..တို့ Mean ကို ဖျောင်းဖျ လိုက်ပါ့မယ်.. .ok?...မင်းသာသူ့ကိုကွာပေး...
ဟာ..ဘယ်လိုဟာလဲဟ..
ဒီမှာ P'..P' လွန်နေပြီနော်...ကျတော်တို့ ကိစ္စ က P' နဲ့ ဘာဆိုင်လို့လဲ..
ဆိုင်တာပေါ့..အေးလေ..မင်းကတော့.အတာကိုး..ဘယ်သိမလဲ...
တို့နဲ့ Mean နဲ့က လက်ထပ်ဖို့အထိ ရည်ရွယ် ခဲ့ကြတာလေ..
မင်းကို Mean က Nara အတွက် လက်စားချေချင်လို့သာ ယူခဲ့တာ...တကယ်တော့ Mai တို့ ဘက်ကသာ Mean နဲ့ လက်ထပ်ဖို့အထိ သဘောတူခဲ့တာ..
ဒါပေမဲ့ ဟိုနေ့က Mean ရုံးခန်းထဲက အဖြစ်အပျက် အခြေအနေကို ကြည့်ပြီး Mean တို့အကြောင်း စုံစမ်းကြည့်လိုက်တော့ Mean က Plan ကို လက်စားချေဖို့ လက်ထပ်ခဲ့တယ်ဆိုတာ သိလိုက်ရတာကြောင့် ကိုယ့်ခွင်ထဲ ရောက်လာပြီမို့ ပြသနာပိုကြီးအောင် လာဆွပေးနေခြင်း..
YOU ARE READING
အမုန်ခံ၍ချစ်မယ်
Fanfictionငါမင်းကို ချစ်လွန်းလို့ ယူခဲ့တယ် ထင်နေလား ကလဲ့စားချေမလို့ကွ မြဲမြဲမှတ်ထား ကိုကို ကျေနပ်တဲ့ထိ ပေးဆပ်ပါ့မယ်