Plan ကိုကို နဲ့ Na မရှိတုန်း စာတစ်စောင်ရေးပြီး အိမ်ကထွက်လာလိုက်သည်။ သည်းမခံနိုင်တော့လို့သာ ထွက်လာရတာ ဘယ်သွားလို့ သွားရမှန်းကမသိ။ ဘာမှလည်းမစဉ်းစားတတ်တော့ဘူး။
သွားစမ်း Plan သွား...မင်းအပေါ်ရက်စက်တဲ့သူနဲ့ ဝေးနိုင်သမျှ ဝေးအောင် မင်းထွက်သွားလိုက်စမ်းပါ ။ ဟုတ်တယ် အဝေးဆုံး ကို ထွက်သွားရမယ် ။ ကိုယ့်အပေါ် ဘယ်လို နှိပ်စက်နှိပ်စက် သည်းခံနိုင်တယ်။ ဖောက်ပြန်တာ သစ္စာ မရှိတာ မျိုးတော့ Plan Rathavit တို့က ကိုယ်တိုင်လည်းမလုပ်သလို ကိုယ့်ကို လာလုပ်ရင်လည်း ခွင့်မလွှတ်ဘူး ။ ကိုယ်ချစ်တဲ့သူက ကိုယ်မကြိုက်တာ လုပ်လာတဲ့အခါ သူ့ကို မစွန့်လွှတ်နိုင်ရင် ခွင့်လွှတ်နိုင်အောင်ကြိုးစားရတယ်။ ခွင့်မလွှတ်နိုင်ရင်တော့ ကိုယ်ချစ်တဲ့သူကိုပဲ စွန့်လွှတ်နိုင်ရမှာပေါ့။ အခုလို ဖောက်ပြန်တာမျိုးကတော့ ခွင့်မလွှတ်နိုင်တာမို့ ချစ်ခဲ့ပေမဲ့လဲ စွန့်လွှတ်နိုင်အောင်ကြိုးစားပြီး ကျနော် စွန့်လွှတ်ခဲ့ပါပြီ။ သူ့ကိုမလွမ်းဘူးလားဆိုတော့ ဟုတ်ကဲ့ အိမ်က စ ထွက်လာတာ နာရီပိုင်းလေးပဲ ရှိပါသေးတယ်။ ကျတော် သူ့ကို လွမ်းနေပါပြီ။ ဒါပေမဲ့ လွမ်းတဲ့ စိတ်က ဖြစ်လာတိုင်း ကိုယ့်အပေါ်ဖောက်ပြန်တယ် ဆိုတဲ့ နာကြည်းစိတ်က ကပ်ပါလာတာမို့် အကြာကြီးတော့ မလွမ်းပါဘူး။ နောက်ဆုံး တွေးမိတာတော့ မုန်းတယ်...မုန်းရမယ်...ဟုတ်တယ် ကျတော် ခင်ဗျားကို မုန်းတယ် ကျနော့ပဲ သစ္စာ မရှိတဲ့ ခင်ဗျားကို မုန်းတယ်။ Plan မျက်လုံးအိမ်ထဲမှာလည်း မျက်ရည်တွေ ပြည့်နေတာမို့ ပတ်ဝန်းကျင်ကို ကောင်းကောင်းပင်မမြင်ရ။ အလိုက်မသိ ထွက်လာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ ဖိသုတ်ပြီး ရှေ့ကိုကြည့်လိုက်တော့ လမ်းချိုးကနေ ကိုယ့်ဆီ တည့်တည့်ဝင်လာနေတဲ့ ကားတစ်စီး။ နောက်ဆုံး ကျတော် မြင်လိုက်ရတာက ဘေးနားက အော်ဟစ်သတိပေးနေတဲ့လူတွေရယ် ကျတော့ဆီ တည့်ဝင်လာတဲ့ကားရယ်။ ပြီးနောက်မှာတော့ ကျတော် အမှောင်ကမ္ဘာဆီသို့ရောက်သွားရသည်။
💙💚💚💙💙
အား..ကျွတ် ကျွတ်
YOU ARE READING
အမုန်ခံ၍ချစ်မယ်
Fanfictionငါမင်းကို ချစ်လွန်းလို့ ယူခဲ့တယ် ထင်နေလား ကလဲ့စားချေမလို့ကွ မြဲမြဲမှတ်ထား ကိုကို ကျေနပ်တဲ့ထိ ပေးဆပ်ပါ့မယ်