What's called l♡ve!!!!!!...ch-17

1.1K 104 6
                                    

<zawgyi>

Hi!!!

အခုမှdateလို့ အရင်အပိုင်းတွေ မေ့နေလောက်ပြီထင်တယ်နော်!😁
ပြန်ဖတ်ပေးကြပါလို့…please😭😭😭

ကြားထဲမှရေးရင်း ပျက်သွားလို့ပါ😢😢😢

…•.▪°○.■•●°…□…°●•■.○°▪.•…

What's called l♡ve!!!!!!
~ForthBeam … ch-17

ကျောင်းပျက်တဲ့အချိန်ကစာတွေ ကူးဖို့ Lamရဲ့အိမ်ကို ကျွန်တော် စာအုပ်တွေယူဖို့သွားခဲ့တယ်။

ကူးရမယ့် noteတွေ အများကြီးပဲ…
အင်း…ကျွန်တော် တပတ်နီးပါးတောင် အကြာကြီးဖျားခဲ့တာပဲလေ။

တကယ်တော့ အဖျားက အရမ်းမဆိုးခဲ့ပါဘူး…
ခွင့်ယူဖို့ အကြောင်းပြချက်သပ်သပ်ပါပဲ။
ဒီအတိုင်း…
ကျောင်းကို ခဏလောက်မသွားဘဲ နေချင်ခဲ့လို့ပေါ့။

မဟုတ်ရင် ဆေးကျောင်းအဆောင်ဘက်ကို သွားမိနေဦးမှာမို့…

'ဟူး…'
သက်ပြင်းတစ်ချက်နဲ့အတူ ဆိုင်ကယ်ကိုလမ်းဘေးဆီထိုးရပ်လိုက်ပြီး အိတ်ထဲကဆေးလိပ်ကို ယူသောက်လိုက်ရတယ်။

အရက်ကို စိတ်လွတ်ကိုယ်လွတ် ပြန်သောက်တယ်…
ဆေးလိပ်ပိုသောက်လာတယ်…
ခွင့်ယူထားခဲ့တုန်းကလည်း Hazingရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲအတွက် အစီအစဉ်တွေ ဆွဲနေခဲ့တယ်…
အခု Lamဆီက စာအုပ်တွေ တောင်းလာတယ်…

တစ်ခုခုဆီကို အာရုံရောက်နေဖို့ အရမ်းကြိုးစားနေခဲ့မိတယ်။

ဒါတွေက သူ့ကိုမေ့ထားဖို့ အသုံးမဝင်ခဲ့ပါ…
နည်းနည်းလေးတောင် သုံးမရခဲ့ဘူး…။

ဒီခံစားချက်က…Yoကို ချစ်ခဲ့တုန်းကနဲ့ မတူဘူး။ မေ့လိုက်လို့ရမယ့်ပုံလည်းမပေါ်ဘူး။
Beamက ကျွန်တော့်အတွက်တော့ ဘယ်သူနဲ့မှ မတူခဲ့ဘူး…

ဆေးလိပ်ငွေ့တွေကို ရှိုက်ထုတ်လိုက်ရင်း ကျွန်တော် မျက်စိရှေ့ကအရက်ဘားဆီ ကြည့်လိုက်မိတယ်။

ထားပါတော့လေ…
မေ့မရရင်လည်း…ကိုယ့်ဖာသာ သိမ်းထားလိုက်တော့မယ်။
ဘာလို့အရမ်းကြိုးစားနေရမှာလဲ?
သူနဲ့ရှိခဲ့တဲ့မှတ်ဥာဏ်တွေကို ကျွန်တော်လည်း သဘောကျခဲ့တာပဲ…

What's called loveМесто, где живут истории. Откройте их для себя