What's called l♡ve!!!!!!...ch-6

2.3K 235 7
                                    

<zawgyi>

What's called l♡ve!!!!!!
~ForthBeam … ch-6

သန်ဘက်ခါ ခရီးသွားရမယ်ဆိုတော့…
နည်းနည်းပါးပါး ပြင်ဆင်စရာရှိတာကို ပြင်ရင်ကောင်းမယ်ထင်တယ်…
ဒီနေ့ကျောင်းပိတ်တော့ ဘာမှလည်း လုပ်စရာသိပ်မရှိဘူးလေ

အခြားလူတွေဆိုရင် အထုပ်တောင် ပြင်ပြီးနေလောက်ပြီဆိုတော့လည်း အချိန်ကပ်ပြင်ဖို့ မမှီဘူးထင်တယ်

တွေးရင်းနဲ့ suitcaseထဲကို တွေ့တာတော့ ကောက်ထည့်လိုက်တာပဲ…
ဘာလိုသေးလဲစဉ်းစားရင်းနဲ့ စားပွဲပေါ်ကို ကြည့်မိတော့ အဖြူရောင်မီးအိမ်…

ကျွတ်…ဒီမီးအိမ်ကိစ္စက ပြီးကိုမပြီးနိုင်ဘူး…
အခု မီးလည်းပြန်လာနေပြီ။
ပြီးတော့ ကျွန်တော့်မှာ လက်နှိပ်ဓာတ်မီးလည်း ရှိတာပဲလေ
အဲ့ဒီမီးအိမ်မလိုဘူး မဟုတ်လား…

အဲ့တာကို ဘာကိစ္စနဲ့ သူက လာပေးရတာလဲ…
အတော် ကျေးဇူးတင်ခံချင်နေလားမသိဘူး
ပြီးတော့လည်း မိုးရွာနေတဲ့ကြားထဲက ဘာကိစ္စနဲ့တကူးတကလာပြီး…အာ…
ကျွန်တော်ကကော…ဘာလို့ သူ့အကြောင်းထိုင်တွေးနေရတာလဲ?

စိတ်ထဲကထုတ်စမ်း Beam…
မင်းကပါ ဘာဖြစ်နေတာလဲ

သူက တာဝန်ယူချင်တယ်လို့ပြောတိုင်း ကျွန်တော်ကကော…ဘာဖြစ်နေရတာလဲ
တာဝန်ယူရအောင် ကျွန်တော်က မိန်းကလေးမို့လို့လား…

ပြီးတော့ အဲ့ဒီညက…
သူ့အတွက်သာ အမှားတစ်ခုဖြစ်ချင်ဖြစ်မယ်
ကျွန်တော့်အတွက်ကတော့ ကျွန်တော်ကိုယ်တိုင်က တမင်လုပ်ခဲ့တဲ့ကိစ္စပဲလေ

ဟူး…
စိတ်ရှုပ်ရတဲ့အထဲမှာ ဟိုတနေ့က Forth လူတွေရှေ့မှာ ထအော်တဲ့ကိစ္စလည်းပါတယ်

လူတွေဆိုတာလည်း ကိုယ်နဲ့ဘာမှလည်းမဆိုင်ပဲ
အဲ့ဒီကိစ္စကို အတော်စိတ်ဝင်စားကြတယ်
အချို့ဆို လာတောင်မေးကြသေးတယ်…
ကျွန်တော်က ပြန်မဖြေ…ဒိုင်ခံဖြေနေတာက Pha…

သူလည်း ဘာမှသေချာသိတာမဟုတ်ပဲနဲ့ ကွေ့ပတ်ပြီးဘာတွေပြောပြောလွှတ်မှန်း မသိလို့ ကျွန်တော့်မှာ မနည်းတားယူရတယ်။
Kitကတော့ ထုံးစံအတိုင်း မျက်လုံးပြူးပြီး တအံ့တသြလာမေးနေတာမို့
အခုလောလောဆယ် အဲ့နှစ်ကောင်နဲ့လည်း မတွေ့ချင်သေးဘူး

What's called loveTempat cerita menjadi hidup. Temukan sekarang