What's called l♡ve!!!!!!...ch-11

1.5K 186 23
                                    

<zawgyi>

What's called l♡ve!!!!!!
~ForthBeam … ch-11

ခေါင်းကိုက်လွန်းတာကြောင့် ခန္ဓာကိုယ်ကို နည်းနည်းလေးလောက်တောင် လှုပ်ချင်စိတ်မရှိ…
ခန္ဓာကိုယ်တစ်ခုလုံးလည်း မသယ်ချင်လောက်အောင် လေးနေသလိုလို။

လေးနေတဲ့မျက်ခွံတွေကို အတင်းဖွင့်ကြည့်တော့ ကျွန်တော်ရောက်နေတာ မွှေ့ရာတစ်ခုပေါ်…
ဒီကို ဘယ်လိုရောက်လာရတာပါလိမ့်?

ညက ဖြစ်ခဲ့တာတွေကိုတွေးဖို့ မျက်လုံးကိုအသာပြန်မှိတ်လိုက်မိတယ်။

မနေ့ညက…သောက်တာများလို့ အခန်းပြန်ခါနီးမှာ…
Forthနဲ့တွေ့တယ်မဟုတ်လား?
ကျွန်တော် မလိုဘူးပြောပေမယ့် သူ ကျွန်တော့်ကို အခန်းပြန်လိုက်ပို့ပေးခဲ့တယ်ပေါ့?
အဲ့လောက်ပဲ မှတ်မိတော့တယ်…

သူ ကျွန်တော့်ကို ကုန်းပိုးထားတုန်းက ကျွန်တော်ဘာတွေပြောခဲ့လဲတော့ သေချာမမှတ်မိချင်တော့ဘူး…
ထားပါ။
ဘာပြောခဲ့ခဲ့ အရေးမကြီးနေပါဘူး

မူးနေတုန်းပြောခဲ့တာတွေပဲ…
ဘာလို့ ဂရုစိုက်နေရမှာလဲလေ

''မင်းနိုးနေပြီလား?''
မေးလာတဲ့အသံကြောင့် မျက်လုံးပြန်ဖွင့်ကြည့်မိတော့ တဖက်လူက Forthတော့မဟုတ်ပါ…

''အင်း…မင်းက?''
ကျွန်တော် ကိုယ်ပေါ်ကစောင်ကို ဖယ်ပြီး ထထိုင်လိုက်ရင်း မေးလိုက်တော့…

''ငါက Ai' Monလေ…
ဒီအခန်းမှာပဲ နေတာ။
အခန်းမလာခင် partyအရင်သွားနေလို့ မင်းနဲ့မတွေ့ဖြစ်တာ Ai'Beam''

အင်းလေ…Forthက ဒီအချိန်ထိ အခန်းထဲမှာ ရှိနေပါ့မလား?
ကျွန်တော်နဲ့တော့လေ…

''ဒါနဲ့…ရော့ မင်းရဲ့သော့။
ငါညကပြန်လာတုန်းက
မင်းကို ပြန်လိုက်ပို့ပေးတယ်ဆိုတဲ့ တယောက်ပေးသွားတာ…Fontဆိုလား…?''

''Forth?!''
သူ့ဆီက သော့လှမ်းယူရင်း မေးလိုက်တော့…

''အင်း…ဟုတ်တယ်။Forth…
သူပေးခဲ့တာ။
ငါဝင်လာတော့ မင်းကို စောင်ခြုံပေးနေတာ တွေ့တာပဲ…သေချာခြုံပေးပြီးမှ ထွက်သွားတာ''

အမ်??!
သူက ဘာလို့လာပြောပြနေရတာလဲ?
ကျွန်တော်လည်း ဆက်မမေးပါဘူး။

What's called loveDonde viven las historias. Descúbrelo ahora