What's called l♡ve!!!!!!...ch-15

1.5K 185 31
                                    

<zawgyi>

What's called l♡ve!!!!!!
~ForthBeam … ch-15

Kitက Mingနဲ့ တွဲနေတာမဟုတ်ဘူး…?
ဘယ်တုန်းကမှလဲ မတွဲခဲ့ဘူး…?
ကျွန်တော်ထင်ခဲ့တာ အကုန်လုံးက အမှန်မဟုတ်ဘူးဆိုရင်…
ကျွန်တော့်မှာ အခွင့်အရေးရှိသေးတာပေါ့လေ

အရင်ကတည်းက ကျွန်တော် Kitကို ပွင့်ပွင့်လင်းလင်း မျက်နှာချင်းဆိုင်ပြီး မေးခဲ့မိတာမှမဟုတ်တာပဲ…
ကျွန်တော့်ဖာသာ ကြားရသမျှ ကောလဟာလတွေကို အဓိပ္ပာကောက်ခဲ့မိတာမဟုတ်လား?

အစကတည်းက ဒီလိုမေးခဲ့မိရင် ဘယ်လောက်များကောင်းမလဲနော်…
အခုတော့ Kitကို ကျွန်တော် အချိန်အတော်ကြာအောင် အေးတိအေးစက် ဆက်ဆံနေခဲ့မိတာများလား?

အတော်အသုံးမကျတဲ့ ကျွန်တော်ပါလား!
လူတွေရဲ့စကားကို ယုံခဲ့မိတယ်လို့လေ…

လူတွေဆိုတာက ကိစ္စတစ်ခုကို အရမ်းအကျယ်ချဲ့တတ်ကြတာမဟုတ်လား?
ဥပမာ-ကျွန်တော်နဲ့ Forthလိုမျိုးပေါ့။
ဘာမှမဟုတ်တဲ့ကိစ္စကို ရေးကြီးခွင်ကျယ် ပြောချင်ကြတာ

အင်း…ဘာမှမဟုတ်တဲ့ကိစ္စပေါ့…

ကျွန်တော်နဲ့ Forthက ဘာမှမပတ်သတ်ဘူးလေ။
အဲ့တော့ ကျွန်တော် သူနဲ့ချိန်းထားတာကိုမသွားလည်း ဘာမှမဖြစ်နိုင်ပါဘူးလေ

သူ ဆိုင်မှာ အလွန်ဆုံးစောင့်လည်း နာရီဝက်၊တစ်နာရီပေါ့…
ပြီးရင်လည်း ပြန်မှာပဲဟာ။
အဲ့လောက်နဲ့ ဘာဖြစ်သွားမှာမို့လို့လဲ?…

တဖက်က Kitချသွားတဲ့ဖုန်းကို ကျွန်တော် အိတ်ကပ်ထဲအမြန်ထိုးထည့်လိုက်မိရင်း ကိုယ့်ကိုကိုယ် ကျိန်ဆဲလိုက်မိတယ်

'အတော်အသုံးမကျတာပဲ Beam!
Kitအခန်း ရေပိုက်ပေါက်လို့ အကူအညီတောင်းထားတာကို!
အလကားသက်သက်အချိန်ကြာအောင် အပိုတွေတွေးနေနိုင်သေးတယ်'

ကျွန်တော် အချိန်မဖြုန်းချင်တော့တာနဲ့ အဆောင်ထဲပြန်ပြေးဝင်လိုက်ပြီး ငါးထပ်မြောက်က
Kitရဲ့အခန်းဆီ ပြေးတက်သွားလိုက်တယ်

အခန်းနံပါတ် 52.…
ဒီအခန်းဆီမရောက်ဖြစ်တာတောင် သုံးပတ်နီးပါးရှိနေပြီမဟုတ်လား?

What's called loveDonde viven las historias. Descúbrelo ahora