What's called l♡ve!!!!!!...ch-4

2.2K 214 9
                                    

<zawgyi>

What's called l♡ve!!!!!!
~ForthBeam ... ch-4

'ချောက်'ခနဲ မီးခလုတ်ကို ဖွင့်လိုက်တော့ မီးချောင်းရဲ့အလင်းရောင်က အခန်းတခုလုံးကို လုံလုံလောက်လောက် ပြန့်သွားတယ်...

ရသွားပြီလေ...
အဆောင်ပိုင်ရှင်ကိုပြောပြီး ပြင်ခိုင်းလိုက်တာ
တမနက်နဲ့ ပြန်ကောင်းသွားတယ်
မနက်ပိုင်း အတန်းမရှိတာနဲ့ မနက်လေးတင်ပဲ ပြင်ခိုင်းလိုက်တာ...ဘာမှမကြာလိုက်ဘူး

မနေ့က ကတည်းက ပြင်ခိုင်းရမှာကို...
အဆောင်ပိုင်ရှင်နဲ့ မတွေ့ဖြစ်လို့သာပေါ့

အခုတော့ အေးအေးဆေးဆေးဖြစ်သွားပြီ
ကိုယ်တိုင် မီးချောင်းလဲစရာလည်း မလိုတော့ဘူး...
မီးအိမ်လည်း မလို.........

ဟုတ်သားပဲ!!
မီးအိမ်လေ...
ဘယ်သူလာထားလဲဆိုတာကတော့ မေးနေစရာတောင်မလိုတော့ပါဘူး။
Forthမဟုတ်လား...သူပဲရှိတာလေ...

ဘာလို့လာထားရတာပါလိမ့်?!
ကျွန်တော့်အခန်းက မီးချောင်းပျက်တာပဲ...
သူနဲ့လည်း ဘာမှမဆိုင်ပဲနဲ့များ...

ကျွန်တော်ကလည်း မီးလင်းမှအိပ်တတ်တာမို့ ညက အဲ့မီးအိမ်ကြီး ဖွင့်အိပ်မိတော့ သူ့အကူအညီ ယူသလိုမျိုးဖြစ်သွားတယ်

သူ့အကူအညီဆိုတာကြီးကို မလိုချင်ဘူး...

ဘာလို့လဲဆိုတော့...
သူအခုလို ကျွန်တော့်ကို အားနာသလိုဖြစ်နေတာက အဲ့ဒီညကြောင့်မဟုတ်လား...

ကျွန်တော် စားပွဲပေါ်က မီးအိမ်လေးကို ယူလိုက်တယ်

လာပေးထားတယ်ဆိုတော့...
မလိုတော့ဘူးဆိုရင် ပြန်ပေးလိုက်တာပဲ ကောင်းပါတယ်လေ

ကျွန်တော်မှ...မလိုတာကို...

...•.▪°○.■•●°...□...°●•■.○°▪.•...

မနက်ပိုင်းကြီးမှာ မီးအိမ်ကြီးကိုင်ပြီး Forthရှိမယ့်အဆောင်ဆီကို လျှောက်လာတဲ့ ကျွန်တော့်ပုံက အူကြောင်ကြောင်များ ဖြစ်နေမလားပဲ...

အဆောင်ဆီရောက်တော့လည်း သူ့အခန်းက ဘယ်မှာမှန်းမသိ!!

အဲ့တာနဲ့ပဲ ကျွန်တော်လည်း လမ်းမှာတွေ့တဲ့ကောင်လေးနှစ်ယောက်ကို လှမ်းခေါ်ပြီး...

What's called loveTahanan ng mga kuwento. Tumuklas ngayon