What's called l♡ve!!!!!!...ch-5

2.5K 238 27
                                    

<zawgyi>

What's called l♡ve!!!!!!
~ForthBeam … ch-5

ရပ်ကြည့်နေတဲ့ လူတွေက…

သူနဲ့သိတဲ့လူတွေလည်း ပါနိုင်တယ်…
ကျွန်တော်နဲ့သိတဲ့လူတွေလည်း ပါနိုင်တယ်…
ပြီးတော့ သူ့မေဂျာက ဂျူနီယာတွေလည်း သူအော်ပြောတာကို ကြားမှာပဲမဟုတ်လား…

အဲ့တာကို ဘာလို့အော်ပြောရတာလဲ…
သူ ရူးများနေပြီလား

အခု…လူတွေက သူပြောတာကြားကုန်တော့
ဘာများထူးသွားမှာမို့လို့ ထအော်တာလဲ…

ကျွန်တော့်မှာသာ ဝိုင်းအကြည့်ခံနေရလို့ ဘာလုပ်လို့ဘာကိုင်ရမယ်မှန်း မသိတာ…
အဲ့တာကို သူကတော့ ကျွန်တော့်ကို ပြုံးပြုံးကြီး
စိုက်ကြည့်လို့…

တကယ်ပါပဲ…
လူတွေကို ဒီလိုအော်ပြောလိုက်ရတော့ အတော်ပျော်နေလားမသိဘူး
ဒါကို hazingလို ဟောပြောတယ်များ ထင်နေတာလား?

ကျွတ်…စိတ်ရှုပ်ဖို့ကောင်းလိုက်တာ…

''လိုက်ခဲ့…''
ဘာလုပ်ရမှန်းမသိပဲ ကြောင်နေမိတဲ့ကျွန်တော်…
သတိဝင်,ဝင်လာချင်းမှာ
သူ့လက်ကိုဆွဲပြီး လူတွေရှေ့ကနေ ဖြတ်လာခဲ့တယ်

သူတို့ ဘယ်လိုများတွေးမလဲမသိ?
ကျွန်တော်ကတော့ သူ့ကို ဆွဲချင်လွန်းလို့ ဆွဲလာတာမဟုတ်ဘူး…
စကားဆက်ပြောမလို့ပါ…
လူတွေက အဲ့လောက်ကြီး အထူးအဆန်းနဲ့ ဝိုင်းကြည့်နေတော့ ဒီနေရာမှာ ဘယ်လိုဆက်ပြောမလဲ?

ကျွန်တော်တော့နော်…
'ဒီအတိုင်းထားလိုက်ပါ'လို့ ဒီလောက်ပြောတာတောင် မပြီးနိုင်ဘူး…

အဲ့လောက်စိတ်ရှုပ်ဖို့ကောင်းမယ်မှန်းသိရင် အဲ့ဒီညက ကိုယ့်ဖာသာကိုယ် မှောက်အိပ်လိုက်ပါတယ်…
အခုတော့ စိတ်အပြောင်းအလဲမဖြစ်တဲ့အပြင် ပိုတောင် ဆိုးနေသေးတယ်

သူကလည်း အတော်အဆွဲခံချင်နေတာလား မသိဘူး…
ဘာမှမပြောပဲ လိုက်လာတယ်

ဒီအတိုင်းလက်ကနေဆွဲလာရင်းကနေ စာသင်ခန်းလွတ်ဆီရောက်မှ ကျွန်တော် သူ့လက်ကိုလွှတ်ပြီး လှည့်ကြည့်လိုက်မိတယ်…

သူ့ပုံစံက ကျွန်တော်ခေါ်လာတာကိုပဲ ထူးဆန်းနေသလိုနဲ့…
လက်ထဲကပါလာတဲ့ မီးအိမ်ကြီးကို ကြမ်းပြင်ပေါ်ချပြီးတော့တောင် လာကြည့်နေသေးတယ်…

What's called loveDonde viven las historias. Descúbrelo ahora