What's called l♡ve!!!!!!...ch-1

3.5K 219 8
                                    

<zawgyi>

What's called l♡ve!!!!!!
~ForthBeam … ch-1

အချိန်…နေရာ…
တိတိကျကျ မသဲကွဲတဲ့အပိုင်းအခြားတစ်ခု…

ခန္ဓာကိုယ်ထဲရောက်နေတဲ့ အရက်တို့က အသိဥာဏ်ကို ဝေခွဲမရအောင် တွေဝေစေမိပြီထင်သည်။

ပစ္စုပ္ပန်ကို သေချာအောင် ခွဲခြားနိုင်စွမ်းမရှိ…

နူးညံ့တယ်…
နွေးထွေးတယ်…
ပျော့ပျောင်းသော အထိအတွေ့အချို့…

ဝိုးတဝါးကြားနေရတဲ့ ညည်းညူသံအချို့က ကာရံမဲ့သောသံစဉ်လို…
ကျွန်တော့်ကို ဘာကြောင့်မှန်းမသိ…နှစ်သက်စေတယ်

သူ့ခန္ဓာကိုယ်ရဲ့ အချိုးအကွေ့တွေနဲ့ အထိအတွေ့အရ သူက မိန်းကလေးတယောက်မဟုတ်ဘူးဆိုတာ သိသာပါတယ်…
ဒါဆို…သူ ဘယ်သူလဲ…

အာရုံတို့ကိုပြန်စုစည်းမိတော့ မြင်လိုက်ရတဲ့ မျက်နှာတစ်ခုက…

''Beam…''
ကျွန်တော့်နှုတ်ခမ်းတွေ သူ့နာမည်ကို ရေရွတ်လိုက်မိတယ်

ပြတ်သားသွားတဲ့အမြင်နဲ့ မြင်လိုက်ရတာက
နဖူးပေါ်က ချွေးစက်လေးတွေနဲ့
ပြေလျော့လျော့မှိတ်ထားတဲ့ သူ့မျက်လုံး ထောင့်စွန်းက မျက်ရည်စီးကြောင်းအချို့…

ဒါကို ကျွန်တော် စခဲ့တာလား…
သူ့သဘောကကော…?
ကျွန်တော် သိချင်မိတယ်

''မင်း ငါ့ကို ရပ်လိုက်စေချင်လား''

ကျွန်တော်အမူးပြေလာတဲ့အချိန်မှာ တွေ့ဖူးတဲ့ပထမဆုံးမျက်နှာက သူ့မျက်နှာမဟုတ်ပါဘူး…
ဒါပေမယ့်…
ယောကျာ်းလေးတယောက်အနေနဲ့တော့ သူက ပထမဆုံးပါပဲ

ပြီးတော့…
သူ့ဆန္ဒကိုသိချင်တာ ဒါပထမဆုံးပဲ

'ဒီအခြေအနေအထိရောက်လာမှတော့ တဖက်လူရဲ့ ဆန္ဒမပါစရာလား'လို့ အမြဲပြောခဲ့မိတဲ့ကျွန်တော်…

ဘာလို့ဒီလိုမေးမိလဲဆိုတာ ကိုယ့်ကိုကိုယ်လည်းနားမလည်ခဲ့ပါ…

''မ…လိုဘူး Forth…
ငါ အဆင်ပြေတယ်…''
သူ့ရဲ့ပြတ်တောင်းတောင်းအသံ…

အဲ့ဒီအသံပိုင်ရှင်ကို ကျွန်တော့်နှလုံးသားက တဘဝစာအတွက် ပိုင်ရှင်အဖြစ် သတ်မှတ်သိမ်းယူခဲ့မှန်း ကျွန်တော်မသိခဲ့ဘူး…

What's called loveOnde histórias criam vida. Descubra agora