Chapter- 4
3.2K 379 8
<<Zawgyi>>
<<Unicode>>
ရှောင်ရှင်းချန်:  "မင်းဘာဖြစ်လို့လဲ။ ချွေးတွေတအားထွက်နေတာ ရေမချိုးရင် ဖျားသွားလိမ့်မယ်လေ"
ရွယ်ယမ်ခေါင်းတွင်တွင်သာ ခါယမ်းနေမိတယ်။ရွယ်ယမ့်အတွေးတွေဟာ အရင်ဘဝကို ခဏပြန်ရောက်သွားမိလေသည်။
ရွယ်ယမ် အရင်ဘဝက ရေနစ် သေခဲ့တာဖြစ်တယ်။ သေပုံကြီးကလည်း တကယ့် အခွီပင်။
တစ်ရက်က မြစ်ဘက်ကို ရွယ်ယမ်တို့ သူငယ်ချင်းတစု ပျော်ပွဲစားထွက်ကြတာ။ ရွယ်ယမ်က ပျင်းလို့ တယောက်ထဲ မြစ်ကမ်းဘေး လမ်းလျောက်ထွက်တုန်း ရေနစ်နေတဲ့ ကလေး တယောက်အော်သံကြားလို့ ရေထဲ အမြန်ခုန်ဆင်းမိသွားတယ်။ ရေထဲရောက်မ သိလိုက်တာက သူရေမကူးတတ်။ အဲ့လိုနဲ့ သူ့ကြောင့် ကလေးရေထဲကျတာသိပြီး လူတွေဝိုင်းကယ်ကြရေ။ အဲ ရွယ်ယမ်လေးကို ကျတော့ ဘယ်သူမ သတိမရကြ။ အာ့လိုနဲ့ ဒီဘက် ကမ္ဘာရောက်လာခြင်းဖြစ်သည်။
ရွယ်ယမ်တွေးရင်းနဲ့ ကြက်သီးထလာသည်။ ဘုရား ဘုရား ငါလေးကို လူတွေ အလောင်းမ ဆယ်ပေးကြရဲ့လား ။ငါးစာဖြစ်သွားပီလား မသိဘူး။
ရွယ်ယမ် အတွေးထဲ ပျံ့လွင့်နေတာကြောင့် ရှောင်ရှင်းချန် ခေါ်တာကို မကြားမိလိုက် လက်နဲ့ လှမ်း ပုတ်မှ အသိပြန်ဝင်လာသည်။
ရှောင်ရှင်းချန်:  "ငဇိုးလေး ဘာတွေတွေးနေပြန်တာလဲ"
ရွယ်ယမ်:  "ဘာမ မဟုတ်ပါဘူး ဆရာလေးရဲ့ ၊ကျနော် ရေမချိုးတော့ဘူးလေ  နော်~"
ရှောင်ရှင်းချန်:  "ရော~~ အခုဘဲ ကျနော် ပြောပြီးပြီကို"
ရွယ်ယမ်:    "ကျုပ် ရေကြောက်တယ်ဗျ။ အိမ်မက်ထဲမှာ ရေနစ်သေတာမှ ခဏခဏဘဲ"
ရှောင်ရှင်းချန်:   "ဘာမှမဖြစ်ပါဘူး ဒီ မြစ်က ရေစီးသိပ် သန်တာမ မဟုတ်တာ၊ ပြီးတော့ မင်းအနားမှာ ကျနော်ရှိပါတယ်၊ ကျနော်မင်းကို ဘာမှ အဖြစ်မခံပါဘူး စိတ်ချပါ။"
ဘာကြောင့်မှန်းမသိ ရွယ်ယမ် ရင်ထဲ ရုတ်တရက်နွေးသွားသလို ခံစားလိုက်ရတယ်။ အဲ့တာကြောင့် ရှောင်ရှင်းချန် မျက်နှာလေးကို အတန်ကြာ ငေးကြည့်နေမိ လေသည်။
_________________________________________
ကတိ အတိုင်း Cath  up ပေးထားတယ်နော်😁။ Voteလေးတွေ Feedbackလေးတွေ စွန့်ကျဲပေးသွားကြပါ😊😊😊။ Motivationရရင် နောက်တပိုင်းကို ၁ရက် ၂ရက်နေရင် upပေးမယ်။ အတည်ပြောတာ😁😁😁။
Love U All😘😘
Changing the fate(Completed)Where stories live. Discover now