Chapter -9

2.3K 293 34
                                    

<<Zawgyi>>

ရွယ်ယမ် ၏ တိတ်ဆိတ်နေခြင်းက ရှောင်ရှင်းချန်အား ပို၍ ဒေါသ ထွက်စေလေသည်။ ရှောင်ရှင်းချန် သည်းမခံနိုင်တော့ဘဲ အော်မေးလိုက်၏။

ရှောင်ရှင်းချန် : "ဖြေစမ်းပါ!!!!"

ရွယ်ယမ် :"ဆရာလေးသိနေပီဘဲ ကျနော်က ဘာများဖြေရဦးမှာလဲ"

ရှောင်ရှင်းချန် :"မင်း!!!"

ဆုံလန် :"ရှင်းချန် မင်းသူနဲ့ပြောမနေ နဲ့ သူမင်းကို လှည့်စားလိမ့်မယ်။"

ရွယ်ယမ် :"ခင်ဗျားကြီး ပါးစပ် ပိတ်ထားစမ်းပါ။ကျုပ်က ဆရာလေးနဲ့ နှစ်ယောက်ထဲ စကားပြောချင်တာ"

ဆုံလန် :"မင်း !!!"

ရှောင်ရှင်းချန် :" ဇိချန် ငါတို့ကို ခဏလောက် အချိန်ပေးပါလား"

ဆုံလန် :" မဖြစ်ဘူး ရှင်းချန် ဒီကောင်က အရမ်း ဥာဏ်များတယ် ။မင်းကို လှည့်စားလိမ့်မယ်။"

ရှောင်ရှင်းချန်: "ငါ ကိုယ့်ဘာသာကို ကာကွယ်နိုင်ပါတယ်။"

ရှောင်ရှင်းချန်က တောင်းဆိုလာတာမို့ ဆုံလန်လဲ မသက်သာဘဲ အပြင် ခပ်လှမ်းလှမ်းကို ရှောင်ပေးလိုက်ရတယ်။

ဆုံလန် ထွက်သွားပေးမဲ့ ရှောင်ရှင်းချန် ရွယ်ယမ်ကို ဘာမှ ဆက်မပြောသေးဘဲ

ရှောင်ရှင်းချန် :"အားချင် မင်းဘာရှောင်ပေးပါ။"

ရွယ်ယမ် မှင်သက်သွားသည်။ သို့သော် မထင်မှတ်ထားသည့် ကောက်ရိုးပုံနောက်မှ အားချင်သည် ဆုံလန် ထွက်သွားရာသို့ ပြေးထွက်သွားသည်ကို မြင်ရသောအခါ ရွယ်ယမ် ဆရာလေး၏ နားပါးချက်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။

ရွယ်ယမ် :"တော်လှ ချည်လား ဆရာလေးရဲ့ "

ရှောင်ရှင်းချန် : "အခု မင်းနဲ့ ငါနဲ့ နှစ်ယောက်ထဲဘဲ ကျန်တော့တယ် မင်း ငါ့ကို လှည့်စားခဲ့ရတဲ့ အကြောင်းကို ရှင်းပြတော့ "

အမြဲနူးညံခဲ့သည့် ဆရာလေး၏ အသံသည် ယခု အခါ မာထန်နေခဲ့သည်။

ရွယ်ယမ် ခပ်ပေါ့ပေါ့ဘဲ ပြန်ဖြေလိုက်သည်။

ရွယ်ယမ် :"ကျနော် ဆရာလေးကို မလှည့်စားခဲ့ ဖူးဘူး"

Changing the fate(Completed)Where stories live. Discover now