Chapter -11

2K 247 10
                                    

<<Zawgyi>>

ရှောင်ရှင်းချန် တစ်ယောက် ထိုနေ့ကိုပြန်တွေးရင်း ရင်ထဲ မွန်းကျပ်လာတာမို့ တည်းခိုခန်း အပြင်ကို တစ်ယောက်ထဲ ထွက်လာခဲ့တယ်။

ပြင်ပ ဈေးတန်းက ရောင်းသူ ဝယ်သူနဲ့ စည်ကားနေခဲ့တယ်။

ဈေးသည် : "ကုစူး Emperor's Smileတွေရမယ်နော်။ ဒီသေရည်တွေက ကုစူးမှာ အကောင်းဆုံးဘဲ။ စိတ်ညစ်နေတဲ့သူတွေ အသည်း ကွဲနေတဲ့သူတွေ အတွက် ဆေးတစ်ခွက်ဘဲနော်။မေ့ချင်တာတွေမေ့လို့ရတယ်။ အောင်ပွဲခံချင်ရင်လည်း သောက်လို့ရတယ် ။ကုစူး Emperor's Smileတွေ....ဝယ်ကြပါဦး"

ရှောင်ရှင်းချန် : "•••"

ဈေးသည် :"ဟောဒီက သခင်လေး ကုစူး Emperor's Smile ဝယ်ဦးမလားဗျ"

ရှောင်ရှင်းချန် ဘယ်တော့က မှမတွေးဘူးတဲ့ အတွေး တစ်ခုခေါင်ထဲဝင်လာလေသည်။'မေ့ချင်တာတွေမေ့လို့ရတယ်တဲ့လား'

ရှောင်ရှင်းချန် :"တစ်ပုလင်းပေးပါ"

ရှောင်ရှင်းချန် ဘယ်မှလဲ မသွားချင်တော့တာမို့ တည်းခိုဆောင်ကိုဘဲ ပြန်လာခဲ့သည်။ Emperor's Smile ပုလင်းလေးကိုင်ပြီးတွေးမိပါသည် ကျင့်စဉ်အရ အရက်သေစာရှောင်ရသော်လည်း အရင်က ဂိုဏ်းတူညီငယ်တွေ ခိုးသောက်ရင် နောက်တခါ မသောက်နဲ့နော်ဆိုပြီး ဆုံးမနေကြ ယခုတော့ မိမိ ကိုယ်တိုင်ပင် သောက်ရန် လုပ်နေပါလား လို့တွေးရင်း အပြုံးမ မည်သော အပြုံးသေးသေးလေး မျက်နှာထက် ပေါ်လာမိသည်။ ပြီးနောက် ဘာမှမတွေးတော့ဘဲ Emperor's Smile တပုလင်းကို တကျိုက်တည်း မော့ချလိုက်သည်။

ပူပူခါးခါး အရသာ လည်ချောင်ထဲ တိုးဝင်လာပြီးနောက် ရီဝေဝေဖြစ်လာသည်။ နောက်ပိုင်းတွင်တော့ ဘာဆက်ဖြစ်သလဲ ရှောင်ရှင်းချန် မမှတ်မိတော့။

_________________________________________

၃လခန့်ကြာသော်~ ယီမြို့

ရွယ်ယမ်တစ်ယောက် ဒီလပိုင်း လိမ်မာနေသည်။ တောက်ကျန့်ပြန်လာရင် လွဲမှာစိုး၍ ယီမြို့ကပင် ထွက်မသွားပေ။

အစပိုင်းက အရက်တွေ သောက်ပြီးသောင်းကျန်းမိပေမဲ့ နောက်ပိုင်း ဆရာလေးက ငါဆိုးလို့ ထွက်သွားတာ အခုလို ဆက်ဆိုးနေရင် ပိုမုန်းလိမ့်မည် လို့တွေးပြီး လိမ်မာနေတာဖြစ်သည်။

Changing the fate(Completed)Where stories live. Discover now