Chapter -12(Final)

2.6K 304 12
                                    

<< Zawgyi>>

ဆုံလန် ခံစားနေရသော ရှင်းချန်ကို ကြည့်ပြီး သက်ပြင်းခိုးချမိသည်။ အခုတလော ရှင်းချန်ကို ကြည့်ရတာ ဝိဉ္ဇာဉ်ပျောက်နေတဲ့ သူတစ်ယောက်လို ဖြစ်နေတယ်။ အရင်က အလွန် အရယ်သန်တဲ့ လူသားလေးက အခုတော့ အပြုံး အရယ် မရှိတော့ အားချင်ကို အလိုက်သိဖို့ မိမိက မှာထားတာမို့ အားချင် ရှင်းချန်နားမှာနေပြီး ဟာသတွေ ရှာပြောနေပေမဲ့လည်း သူရလိုက်သည်က အသိမှတ်ပြု အပြုံး...အပြုံးမ မည်သော အပြုံးငယ်လေးနှင့် ခေါင်းလေးပုတ်ပေးခြင်းသာဖြစ်သည်။

ရှင်းချန် ဒီလပိုင်း အစားလည်းကောင်းကောင်းမစား ထမင်းကျွေးလျင်လည်း နဲနဲသာစားသည်။ များသော အားဖြင့် အခန်းထဲတွင် အောင်းနေသည်သာများသည်။ မနေ့ညက ရှင်းချန်ကို မိမိ ခံစားချက်တွေ ဝန်ခံပြီး တွဲရအောင်လို့ပြောမိတော့ 'ငါက ကိစ္စမရှိပါဘူး' ဟူသော အဖြေသာရသည် ..ခံစားချက်မပါ။ မသိလျင် လောကတွင်ရှင်စရာ မရှိတော့သည့်လူပမာ။

မိမိက ရှင်းချန်ကို ချစ်တာမှန်ပေမဲ့ အခုလို အချစ်မပါတဲ့ relation မျိုးကိုတော့ အလိုမရှိပါ။ ပြောရရင် ဆုံလန် ရှင်းချန်ကိုကြည့်တိုင်း မိမိကို မိမိ ချစ်သူ နှစ်ဦးကို အတင်းခွဲ တစ်ယောက်ကို သတ်ပြီး တစ်ယောက်ကို အတင်းယူထားသော လူဆိုးကြီးလို ခံစားနေရသည်။

ရှင်းချန် ဟိုတလောကလည်း ဘယ်ကဝယ်လာတဲ့ အရက်တွေမှန်းမသိ သောက်ပြီး'ကံတရားက မတရားဘူး'၊ 'ဘာလို့လဲ..ဘာလို့..သူဖြစ်နေရတာလဲ' ၊ 'ငါ့ဘဝကြီးက ဘာလို့ ကံအရမ်းဆိုးနေရတာလဲ'၊ 'ကံတရားကြီးကို မုန်းတယ်' ဆိုပြီး အော်ဟစ်နေလို့ မိမိက မကြည့်ရက်ဘဲ အကြောပိတ်ပြီး အိပ်စေခဲ့ ရသေးသည်။

ရှင်းချန် စကားထဲ ဘယ်သူဆိုတာ မပါပေမဲ့ ဟို ကောင်လေးကို ဆိုလိုနေမှန်း ဆုံလန်ကောင်းကောင်း သိပါတယ်။

ဆုံလန်တွေးမိသည် 'ရှင်းချန် မင်း ဟိုကောင်လေးကို အပြစ်ပေးနေတာလား ကိုယ့်ကိုကိုယ် အပြစ်ပေးနေတာလား'

ဆုံလန် ရင်ထဲမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး ရှင်းချန်ဆီ သွားလိုက်တယ်။

Changing the fate(Completed)Tahanan ng mga kuwento. Tumuklas ngayon