Chapter -10

2.6K 324 24
                                    

<<Zawgyi>>

ရှောင်ရှင်းချန် တို့ ၃ယောက်သား တနေမနား ကုန်မနားဘဲ ဓားပျံ နှင်လာရာ ချိုက်ရီ မြို့သို့ရောက်လေ၏။

ရှောင်ရှင်းချန်က အတိတ်အားလုံးကို မေ့ပြီး အရာအားလုံး အစကနေ ပြန်စချင်တယ် လို့ ပြောလာတာမို့ တခါမှ မရောက်ဖူးသော ဤမြို့လေးသို့ လာခဲ့ခြင်းဖြစ်သည်။

ချိုက်ရီမြို့သို့ ရောက်လျင် တည်းခိုခန်း တစ်ခု ငှားပြီး နားကျလေသည်။

ဆုံလန် :"ရှင်းချန် ဗိုက်ဆာနေပြီလား ကို စားစရာတစ်ခုခု သွားဝယ်လိုက်မယ်"

ရှောင်ရှင်းချန် :"မဆာသေးဘူး ဇိချန် ရတယ်"

ဆုံလန် :"မင်း ဟိုကောင်လေးအတွက် စိတ်မကောင်းဖြစ်နေမှန်း ငါသိပါတယ်။ ဒါမဲ့ မင်းသူ့ကို အများကြီး သက်ညှာပေးခဲ့တာဘာဟာ ၊သူလုပ်ရက်တွေ အတွက် မင်းသူ့ကို အများကြီး အလျော့ပေးခဲ့တာပါ"

ရှောင်ရှင်းချန် :" ငါကို ခဏလောက် တယောက်တည်း လွှတ်ထားပေးပါ"

ဆုံလန် သက်ပြင်းလေး ချပြီး ထွက်သွားပေး လိုက်သည်။

တိတ်ဆိတ်သော အခန်းငယ်လေးထဲတွင် ရှောင်ရှင်းချန် တယောက် ထိုနေ့က ဖြစ်ရပ်ကို ပြန်စဉ်းစားနေမိသည်။

==================================

ရုတ်တရက် ရွယ်ယမ် မှန်းသိပြီးကတည်းက ရှောင်ရှင်းချန် ရဲ့ စိတ်တွေက တုန်လှုပ်နေခဲ့တယ်။ လိမ်လည်ခံလိုက်ရတာကြောင့် သစ္စာဖောက်ခံရသလို ခံစားနေရပြီး ဒေါသထွက်သလို ဝမ်းနည်းနေမိသည်။

အနဲဆုံး မိမိရှေ့မှ အနှီလူ၏ ပါးစပ်မှ ရွယ်ယမ် မဟုတ်ပါဟု ပြောသံကို ကြားချင်နေမိသည် ဒါမ မဟုတ် တောင်းပန်သံဖြစ်ဖြစ် ရှင်းပြသံဖြစ်ဖြစ်ပေါ့....

ဒါမဲ့ ထိုသူက မငြင်းဘဲ ဝန်ခံလာသောအခါ အလွန် တုန်လှုပ်မိ သွားသည် ။ ထို့အပြင် မလှည့်စားခဲ့ဘူးလို့ ပြောလာလေတော့ ရုတ်တရက် အသိလွတ်ကာ ထိုသူ အား ဓားနဲ့ ထိုးလိုက်မိ၏။

သို့သော်လည်း ထိုသူက မရှောင်သည့် အပြင် ဓားကိုပါ ဆုပ်ကိုင်ထားသည်က သတ်လိုက သတ်နိုင်သည် ဆိုသော ပုံစံနှင့်ပင်။

Changing the fate(Completed)Donde viven las historias. Descúbrelo ahora