Chapter-6

2.7K 311 16
                                    

<<Zawgyi>>

ရွယ်ယမ် တယောက် ရေအကြာကြီးချိုးလိုက် သဖြင့် အအေးမိနေလေသည်။

ရွယ်ယမ် : "ဟပ်ချိုး!!!"

ရှောင်ရှင်းချန်: "ကျနော်ပြောသားဘဲ မနေ့က ရေချိုးပြီး နွေးနွေးထွေးထွေးနေပါဆို ခုတော့ အအေးမိပြီမလား "

ရွယ်ယမ် : "ဆရာလေးကလည်း ပူတာကိုလို့"

ရှောင်ရှင်းချန် : " မင်းဘဲပူနေတာ ကျနော်တောင်အေးနေတာကို....ထားပါတော့ ဆေးကြိုလာတယ် သောက်လိုက်ဦး"

ရွယ်ယမ် : "အာ့ဆေးခါးကြီး မသောက်ချင်ပါဘူး"

ရှောင်ရှင်းချန်: "အဲ့တာကို သိလို့ကျနော် ကြိုပြင်လာတယ် ရော့ ဒီမှာ သကြားလုံး သောက်ပြီးရင်ကျွေးမယ်"

ရွယ်ယမ်: "ကြိုက်ပီလေ အာ့ဆို သောက်မယ် ဆရာလေး ကိုယ်တိုင်တိုက်"

ရှောင်ရှင်းချန် ဆေးတိုက်ရန် ခွက်လေးကို ကိုင်လိုက်စဉ်နောက် မှ အားချင်ရဲ့ အသံစူးစူးလေးထွက်လာသည်။

အားချင် : "ဆရာလေး မတိုက်နဲ့ သူ့မာ ခြေရောလက်ရော အကောင်းကြီး"

ရွယ်ယမ်: "ဆရာလေး မတိုက်ရင် မသောက်ဘူးနော်။"

ရှောင်ရှင်းချန် : " ကောင်းပါပီဗျာ တိုက်ပါ့မယ်။"

အားချင် : "ဟွန့်"

~~~~~

ဆရာလေး ရွယ်ယမ်ကိုဆေးတိုက်ပြီးနောက်တွင်

ရွယ်ယမ် : "ဆရာလေး ဗိုက်ဆာတယ်"

ရှောင်ရှင်းချန် : "ခဏတော့စောင့်နော် ကျနော်ဆန်ပြုတ်လုပ်တိုက်မယ်"

ရွယ်ယမ် : "ဟုတ်"

အားချင် : "ဆရာလေး ဘာလို့ သူ့ကို အဲ့လောက် အလိုလိုက်နေရတာလဲ"

ရှောင်ရှင်းချန် : "သူဖျားနေလို့ပါ အားချင်ရယ် မင်းရော ဆန်ပြုတ်သောက်ဦးမလား"

ရွယ်ယမ် : "အင်းလေ ငါက လူမမာလေးကို"

အားချင် : " ဟွန့် အသက်နဲ့ အဝေးကြီး၊ တော်ပါပြီဆရာလေးရယ် မသောက်တော့ပါဘူး"

အားချင်ပြောပြောဆိုဆိုနှင့် ခြေဆောင့်ကာ ထွက်သွားလေသည်။ (FA တို့မည်သည် ၊ အားချင်အတွက် မျက်ရည်တစက်😥)

Changing the fate(Completed)Tahanan ng mga kuwento. Tumuklas ngayon