part 3

2.6K 107 0
                                    

Zawgyi

""ဟဲလို...''''
မီးလေး....ပြောလေ...
ဒီနေ့ညနေ မီးလေးကိုလာကြိုပေးလို့....ပြောမလို့....
""Wow!.....တကယ်...ဆိုင်ကအပြန်ဝင်ကြိုပေးမယ်နော် ညနေလာပုံထောက်ရင် ညအိပ်မှာပေါ့နော်..'''''

စကားတွေမများပါနဲ့ မမရယ် လာကြို မှာလားမကြိုဘူးလား ဒါပဲပြော....😏😏😏( အိမ်ကလူတွေကိုဆို အဲလိုချေတာနော်)
""ဟုတ်ပါပီ လာကြိုပါ့မယ်နော်'''

အဲဆိုဒါပဲ..အတန်းတက်ရအုံးမယ်

""" ကျွီ '''
မီးလေးရောက်ပီလေ....ကားပေါ်ကမဆင်းပဲ ဘာတွေရှာနေတာလဲ.....
ဘာမှမဟုတ်ပါဘူး ဒီအတိုင်းခြံထဲလိုက်ကြည့်နေတာ....(ha..ha..မ ကိုရှာနေတာမို့လား....)

အဲဆို..ဖိုးဖိုးဆီ ခဏဝင်တွေ့ပီးနားလိုက်အုံးနော် ဒီနေ့ မီးလေးလာတော့ မမကိုယ်တိုင် မီးဖိုဆောင်ဝင်လိုက်အုံးမယ်....

""ဖိုးဖိုး'''
ဟေ...ငါမြေးလေး ကိုလွမ်းနေတာ..ဒီမှာလာနေပါလားမြေးရယ်....
အင်း..နောက်ဆို လာနေဖြစ်တော့ထင်ပါတယ်ဖိုးဖိုးရဲ့....
တကယ်...ငါမြေးလာနေရင် ဖိုးဖိုးကအရမ်းပျော်မိမှာပဲ ......
မြေးလေးပင်ပန်းနေမှာပေါ့ သွားနားလိုက်အုံး နောက်မှအေးဆေးစကားပြောကြတာပေါ့..

""ဟုတ်''''
လာမနေဖြစ်ပေမဲ့ အမြဲသန့်ရှင်းရေးလုပ်ထားပေးပီး တောက်ပြောင်နေတဲ့ မီးလေးအခန်းလေး ....မကြောင့် ဒီအခန်းလေး အသက်ဝင်လာမှာပေါ့....

ပြတင်းပေါက် ဖွင့်လိုက်တော့ လှမ်းမြင်လိုက်ရတာ မ နေတဲ့ အိမ်လေးဘေးက သစ်ခွခြံမှာရေလောင်းသော မ ......
သေချာသွားတာတခုက..ဒီအခန်းနဲ့ ဒီမြင်ကွင်းတွေကြောင့်..မီးလေးဖိုးဖိုးတို့အိမ်မှာ လာနေတော့မယ်ဆိုတာပါပဲ.....

"""ဒေါက်..ဒေါက်...ဒေါက်..''''''
"""ကျွစ်.. '''
တံခါးဖွင့်သံနဲ့အတူ....ပေါ်လာသောအပြုံးချိုချို မျက်နှာပိုင်ရှင်...
အယ်.....ကလေး ဘယ်တုန်းကရောက်နေတာလဲ.....
ညနေကတည်းကရောက်နေတာမ....မ အိပ်နေတာလား...မီးလေးကြောင့်အိပ်ရေးပျက်သွားပီထင်တယ်....
ရပါတယ်.....ကလေးရဲ့..မနက်ဖြန်က duty offဆိုတော့ ဆေးရုံမှာ လွဲစရာရှိတာတွေ လုပ်စရာရှိတာတာတွေ အကုန်လုပ်လာရတော့..နည်းနည်းပင်ပန်းလာလို့....စောစောလှဲနေတာ

မ တေယာက္သာ ထာဝရ (GL Fic) Zawgyi မ တယောက်သာ ထာဝရ (GL Fic) UnicodeWhere stories live. Discover now