Zawgyi
သွန်းဝတီမောင် ဆိုတဲ့ ကျွန်မက ခေါင်းမာခြင်းကိုဖေဖေဆီက အမွေရထားပီး ကျွတ်ဆတ်ဆတ်ဂျစ်ကန်ကန်ကောင်မလေးပေါ့.....
📱I'm only one callaway........🎼🎼🎼🎼📱
"" ဟဲလို.....မမပြော....ဘာကိစ္စလဲ..'''
အမလေး မီးလေးရယ် နိအမအရင်းဖြစ်တဲ့ငါက
ကိစ္စရှိမှဆက်ရမှာလားပြော ဖေဖေဆီphဆက်တော့ မီးလေးပြန်သွားပီ ပြောလို့်......
အခုရောအဆောင်မှာလား? ဖိုးဖိုး သိပ်နေမကောင်းဘူးမီးလေးရဲ့ ခဏနေမမ လာခေါ်မယ်နော် ဖိုးဖိုးဆီခဏလာလိုက်ပါအုံး မီးလေးကလိမ္မာပါတယ် ဖိုးးဖိုးက မီးလေးကိုတွေ့ချင်နေတာ..လာခေါ်မယ်.....နော်နော်....
""အမလေး မမရယ်အသံကြီးကလည်း..အော့..
ညတော့မအိပ်ဘူးနော်..အဆောင်ရှေ့က စောင့်နေမယ်.....လာခေါ်...ဒါပဲ..''
""တီတီ...တီတီ...'''
လာပီ မမရေ ဘယ်လိုဖြစ်နေတာလဲ မမကားကိုမြင်ပါတယ်...😏😏😏😏 ဂျိမ်း...
အမလေး...မီးလေးရယ် ကားတံခါးကိုအသာပိတ်ပါဟယ်....
ဘာလဲ...မမကငြို ငြင်တာလဲ....😎😎😎
အမလေး...မဟုတ်ရပါဘူးဟယ်...ကိုယ့်ညီမလေးတယောက်တည်းရှိတာ ငြို ငြင်စရာလား...
မမ....ဖိုးဖိုးက ဘယ်လိုဖြစ်တာလဲ ဖျားတာလား....? ဖေဖေရောသိလား....?....
အွန်း...ဖေဖေသိတယ် ဖိုးဖိုးက အအေးပတ်သွားတာပါ ထွေထွေထူးထူး သိပ်မရှိပါဘူး
ဖေဖေတောင်နောက်အပတ်ထဲ ဖိုးဖိုးကိုလာတွေ့မယ်တဲ့လေ....
သြော်......
ဖေဖေနဲ့ ဖိုးဖိုး ကသားအဖတွေသာပြောတာ သိပ်အစေးမကပ်ဘူး ဖေဖေက မောင်နှမသုံးယောက်မှာ အကြီးဆုံးသားကြီးဆိုတော့ အဖိုးကသူ့လုပ်ငန်းတွေဦးစီးပီးလုပ်စေချင်တယ်.....
ဖေဖေက သူဝါသနာပါရာ ကျောင်းဆရာအလုပ်ကိုပဲ သူ့ဘဝအတွက်ရွေးချယ်တော့ ဖိုးဖိုးကအမွေဖြတ်ထားတဲ့သား....
ဖေဖေရှမ်းပြည် နမ့်စန်မှာ တာဝန်ကျတော့ မေမေနဲ့အကြောင်းပါခဲ့တယ် မမ၁၀နှစ်သမီး မီလေးကိုယ်ဝန်စရှိတော့ဖေဖေပြင်ဦးလွင်ကိုပြောင်းရပြန်တယ်....အဲချိန်ကစပီး ပြင်ဦးလွင်မှာပဲ အခြေချနေလိုက်တယ်.....မီးလေးကို မွေးတော့ ဆေးရုံမှာ ဖေဖေနဲ့ ဦးငယ်အမှတ်မထင်ပြန်တွေ့ပီး..ဖိုးဖိုးတို့နဲ့အဆက်သွယ်ပြန်ရသွားတယ်ပြောတာပဲ.....
ဦးငယ်က ဖိုးဖိုးရဲ့ အိမ်ဆောင်ပစ္စည်း၊ ကား၊ ဆိုင်ကယ်အပို ပစ္စည်း အရောင်းဆိုင်ကြီးကို ဦးစီး
လုပ်နေတဲ့ အင်ဂျင်နီယာကြီးပေါ့
တီလေးကတော့ ပန်းနုဝေ ပိုးထည်တိုက်ပိုက်ရှင်ပေါ့.....
မီးလေး တို့ကတော့ ပြင်ဦးလွင်မှာ တထပ်တိုက်လေးနဲ့ ဖေဖေကကျောင်းဆရာ မေမေက သစ်ခွခြံစိုက် အချမ်းသာကြီးမဟုတ်ပေမဲ့ မဆင်းရဲတဲ့ အေးချမ်းတဲ့မိသားစုလေးပေါ့....
မမဆယ်တန်းအောင်တော့ မန်လေးမှာကျောင်းလာတက်ဆိုပီး ဖိုးဖိုးတို့ကအတင်းခေါ်ထားပီး ပြန်မလွှတ်တော့ပဲ တီလေးနဲ့အတူ ပိုးထည်တိုက်ကိုဦးစီးခိုင်းထားတယ်........
ဦးငယ်နဲ့ တီလေးက အိမ်ထောင်မပြု ကြတော့..
မီးလေးတို့ညီအမ နှစ်ယောက်ပဲ ဖိုးဖိုးရဲ့ မျိုးဆက်လေ
ဖိုးဖိုးက မြေးနှစ်ယောက်ကိုတုန်နေအောင်ချစ်ပေမဲ့ ဖေဖေကို အခုချိန်ထိအမြင်မကြည်သေးဘူး......
""မင်းလစာလေး နဲ့ငါမြေးတွေကိုဘယ်လိုလူရာဝင်အောင်လုပ်မှာလဲ.... "'
""ငါ့ စကားနားမထောင်ခဲ့လို့ အခုထိ တိုက်ကြီးကြီးနဲ့ မနေနိုင်သေးဘူး ကားဆိုဝေလာဝေး'''ဆိုပီး ဖေဖေ ကို အမြဲ ချိုးနှိပ်ပီးပြောနေလို့ ဖိုးဖိုးကို
မီးလေးငယ်ငယ်ကတည်း အမြင်မကြည်ဘူး
မမကို မီးလေးမိသားစုထဲကအတင်းဆွဲ ထုတ်သွား တာကြောင့် ဖိုးဖိုးတို့အိမ်နဲ့မီးလေးခပ်ကင်းကင်းပဲနေတယ် ဘာအကူညီအထောက်ပံ့မှာမယူပဲ ဖေဖေသမီးပီသစွာ ခေါင်းမာနေခဲ့တယ်..
ESTÁS LEYENDO
မ တေယာက္သာ ထာဝရ (GL Fic) Zawgyi မ တယောက်သာ ထာဝရ (GL Fic) Unicode
RomanceZawgyi မဘက်ကသာ သတ္တိရှိရှိနဲ့ မီးလေးလက်ကို ဆုပ်ကိုင်ထားလိုက်ပါ မီးလေးအရာရာကိုရင်ဆိုင်နိုင်ပါတယ်............ ''သွန်းဝတီမောင်'' မ နှလုံးသားရဲ့ ရင်ခုန်သံကို ကလေးနဲ့တွေ့မှ ကြားရပေမဲ့ လောကကြီးမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးနေရတော့ အခက်တွေ့နေတယ...