Zawgyi
""ရတယ်ယွန်း...သိပ်မနာပါဘူး'''
ပြည့်ပြည့်နဲ့ မိတ်ဆက်ပေးရအုံးမယ်....ဒါ ဒို့ပြောနေတဲ့..ယွန်းရဲ့တဦးတည်းသော ညီမလေး သွန်းဝတီမောင်တဲ့ မန်းတက္ကသိုလ်မှာ botany ဂုတ်ထူးတန်း တတိယနှစ်တက်နေတာလေ...မီးလေး...ဒီကမမက ဒေါက်တာပြည့်ပြည့်အောင်တဲ့ ရန်ကုန်ကဖိုးဖိုးမိတ်ဆွေရဲ့ သမီးမန်းလေးဆေးရုံကြီးမှာတာဝန်ကျတာ မှတ်ထားနော်
""ဟုတ်...''''
ကဲ...ပြည့်ပြည့်ရေ...အိမ်ထဲမှာတီလေးရှိတယ်နော် ယွန်း ဒီဂျစ်တုံးကို အဆောင်ပြန်ပို့ပေးရအုံးမှာဆိုတော့သွားလိုက်အုံးမယ်နော်...ကားပေါ်ရောက်တော့ သွန်းဝတီမောင် တယောက် ပြည့်ပြည့်အကြောင်း မေးလို့ပင်မဆုံးတော့........
မမ အဲဒီမမက ဘာလာလုပ်တာလဲ?...
ဘယ်မှာနေတာလဲ?.....မန်းလေးရောက်တာကြာပီလား?....မမနဲ့ရော ဘယ်တုန်းကသိတာလဲ?..တော်တော်ခင်တယ်လား?....ဟီး...သူကချစ်စရာလေးနော်...
အမလေး.....မီးလေးရယ်...ဖြေးဖြေးမေးပါ...
နေပါအုံး...အချေမလေးငါ့ညီမက ဘယ်တုန်းက တခြားသူအကြောင်းတွေစိတ်ဝင်စားတက်သွားတာလဲ....
ဟာ....မမကလည်း မေးတာသာဖြေပါ (လူမိသွားတော့ သွန်းတယောက်ရှက်ရှက်နဲ့ပိတ်အော်ပလိုက်တယ်)....
အမလေး....ဖြေပါ့မယ်တော်....ပြည့်ပြည့်က ခြံထဲက ဧည့်သည်တွေလာရင် ထားတဲ့ ၁ထပ်တိုက်လေးမှာနေတယ်....မန်းလေးရောက်တာ ၁လလောက်ရှိပီ.....တခြံထဲအတူနေတာဆိုတော့ ခင်တာပေါ့....သူကစည်းကမ်းကြီးတယ်...ဖိုးဖိုးကအိမ်မှာထမင်းလာဆိုတာတောင်မစားဘူး....ကဲပြော...ဘာသိချင်သေးလဲ.....
ဟာ...မမကလည်း...ဒီအတိုင်းပဲ...လူစိမ်းမြင်လို့မေးကြည့်တာပါ....
ဟုတ်ပါပီ....မမကလည်း...မီးလေးကို ဘာပြောနေလို့လဲ....
ကဲရောက်ပီ....မီးလေး..နောက်အပတ်ကျောင်းပိတ်ရင်လည်း...မမလာခေါ်မယ်နော်...
မသိသေးဘူး......လာချင်စိတ်ရှိရင်ပြောမယ်😏😏😏😏😏😏(ဂျစ်တူးလေး)
အဆောင်ပြန်ရောက်ပီ.....ရေမိုးချိုး ထမင်းစားပီး
ကုတင်ပေါ်လှဲရင်း မျက်စိပိတ်လိုက်တာတပြိုက်နက်တည်း ပေါ်လာတာက မ မျက်နှာလေး
ရန်ကုန်သူဆိုတော့ အသားလေးကလည်းဖွေးလို့ ကိုယ်လက်ချက်ကြောင့် နှဖူးလေးကတော့ရဲနေတာပေါ့ နာပေမဲ့ မရှိပြုံးလေးပြုံးလိုက်တော့ သွားတက်လေးတွေပေါ်ပီး ပါးချိုင့် လေးကထင်ကနဲ ပေါ်လာတယ်....မရယ်ဘယ်လိုတောင်ချစ်ဖို့ကောင်းနေတာလဲ........မြင်မြင်ချင်းချစ်မိသွားတယ်ဆိုတာ ဒါမျိုးပိုပြောတာနေမှာ..သွန်းတယောက်ကိုယ်အတွေးနဲ့ကိုယ်ပြုံးနေမိရင်း.....နေပါအုံး မ ကမိန်းကလေး လေငါကဘာလို့ရင်ခုန်နေတာပါလိမ့်.....ဟာမသိတော့ဘူးကွာ....ဒီအတိုင်းချစ်စရာကောင်းလို့နေမှာပါ...
CZYTASZ
မ တေယာက္သာ ထာဝရ (GL Fic) Zawgyi မ တယောက်သာ ထာဝရ (GL Fic) Unicode
RomansZawgyi မဘက်ကသာ သတ္တိရှိရှိနဲ့ မီးလေးလက်ကို ဆုပ်ကိုင်ထားလိုက်ပါ မီးလေးအရာရာကိုရင်ဆိုင်နိုင်ပါတယ်............ ''သွန်းဝတီမောင်'' မ နှလုံးသားရဲ့ ရင်ခုန်သံကို ကလေးနဲ့တွေ့မှ ကြားရပေမဲ့ လောကကြီးမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးနေရတော့ အခက်တွေ့နေတယ...