Part 1

3K 103 1
                                    

သွေးသားမတော်စပ်တဲ့ ညီအကို 2 ယောက်ကြားက ချစ်ခြင်းမေတ္တာတွေဟာ ၅၂၈ ဆိုတဲ့ အဖြုထည်လေးဘဲ တည်ရှိနိုင်မလား ဒါမှမဟုတ် ၁၅၀၀ မေတ္တာ အဖြစ်ပြောင်းလဲသွားမလား ညီအကို ခေါင်းစဉ်အောက်မှာ ဘယ်လိုလေးတွေ ရိုကြမလဲ ဆိုတာကတော့ ---

🖤❤🖤❤🖤❤🖤❤🖤❤

🖤 ကျနော် ချစ်ရသော ညီ ❤

ကလင်...ကလင် ☎

"ဟဲလို......အေး သားလေးပြော......
"ဘာ...ဘာပြောတယ် မိနန်းကိုယ်ဝန်ပျက်ကျပြန်ပီ ဟုတ်လားး

"အမေ ကျတော်တောင်းပန်ပါတယ်ဗျ
ဒီတစ်ခါ ကျနော့်အမှားပါ နန်းနဲ့မဆိုင်ပါဘူး အမေဗျ.........

"မင်း အပိုတွေ ပြောမနေနဲ့ မင်း မိန်းမက ဒီကလေးတစ်ယောက်တောင်အဖြစ်ရှိအောင်မမွေးနိုင်ဘူး အမြုံမ အသုံးမကျလိုက်တာ
ဒီခရီးကို ငါ အတန်တန် မသွားဖို့တားတာကို မင်းတို့လင်မယားက ဇွတ်သွားတယ်
အေးးးမင်းတို့ လင်မယား 2 ယောက်လုံး ငါ့ဆီ ပြန်မလာကြနဲ့ ဒါဘဲ"
"အမေဗျ"
တီ...တီ...တီ

ဒီတစ်ခေါက် ကလေးပျက်ကျတာနဲ့ ပတ်သတ်ပီး အမေ အပြင်းအထန် ဒေါသထွက်မယ်ဆိုတာ ကျနော်ကြိုသိနေခဲ့ပါတယ်
ကျနော် အမေ့ ကိုတော့ အပြစ်မတင်ရက်တော့ အရာအားလုံးကျနော်မှားခဲ့တာပါဗျာ

*ကျတော့် နံမည် ခွန်း
ကျနော်ငယ်ငယ်ထဲကအဖေမရှိခဲ့တာပါ
တစ်ဦးတည်းသောသားဖြစ်တဲ့အပြင် ဖတဆိုးဖြစ်နေတဲ့ ကျနော့်ကို အမေက သိပ်ချစ်ပီး အရမ်းအလိုလိုက်ခဲ့တယ် ကျနော်မိသားစုက စီးပွားရေး အသင့်အတင့်ရှိတဲ့ ဆွေမျိုးကြီး ထဲမှာပါတယ်လေ

ကျနော်တစ်ယောက်တည်းကို အသက်ကြီးမှ မွေးနိုင်ခဲ့တဲ့အတွက် မေမေက ကျနော့်ကိုများစွာချစ်ခင်ပီး ဆုံးရူံးရမှာ ပို၍ပင်နှမြောတတ်သေး

မိန်းမ ယူသွားမှာ သိပ်ကြောက်တဲ့ မေမေက ကျတော့် အသက် 27 ထဲရောက်တော့ သူသဘောတူတဲ့ ဂုဏ်သရေရှိအသိုင်းအဝိုင်းထဲက အမျိုးသမီး တစ်ဦးနဲ့ပေးစားဖို့စီစဉ်ခဲ့တယ်
ဒါကလဲ သားကို အဆုံးရှုံးမခံနိုင်ပေမဲ့ "မြေး"လိုချင်လို့ဆိုတဲ့အကြောင်းပြချက်ကြောင့်ပေါ့

🖤ကျနော် ချစ်ရသော ညီ ❤Where stories live. Discover now