Part 12

850 69 8
                                    

🖤ကျနော် ချစ်ရသော ညီ ❤
အပိုင်း (12)

အစိုးမရသော စိတ်တို့ကို အဖော်ပြုရင်း လှမ်းသမျှ ခြေလှမ်းတို့က ပန်းတိုင်ပျောက်လျှက်......

မိုးရွာထဲမှာ အသိစိတ်တို့်ပျောက်ရင်း လျှောက်သွားနေတာ တစ်ခြားလူတွေမြင်ရင် ကျနော့်ကို ရူးပီထင်မှာပေါ့...

ဟားဟား အခု ကျနော် တစ်ယောက်တည်းရူးနေတာ မဟုတ်ပါဘူး...

ကျတော့် နောက်က အဖွားရဲ့စက်ရုပ်တေဖြစ်တဲ့
ဟိုလူမဲကြီး 2 ယောက်ကလဲ ကျနော့် နောက်ကို ထပ်ချက်မကွာလိုက်လို့ပေါ့...

ဒီနေ့ဆို ကိုကို ကျနော့်ကို ထားသွားတာ 1 လပြည့်ပီ တတ်နိုင်သလောက် လက်လှမ်းမှီသလောက်ရှာဖွေကြည့်ပါသော်လဲ မတွေ့...

အကိုPone ကိုမေးတော့လဲမသိ
သူရှာပေးပါ့မယ် ဂတိပေးပီး အခုထိစာမလာစတင်းမကြား...

ပျောက်သောသူကြာရင်တွေ့ဆိုတဲ့စကားပုံက ဟုတ်လို့လား ကျနော် ကိုကို့ကို ရှာတာ 1 လရှိပီ...

1လ ဆိုတဲ့ကာလက အလွမ်းစိတ် ပြည့်နှက်နေတဲ့ကျနော့်အတွက်တော့ 1 ကမ္ဘာလောက်ကြာသလိုပါဘဲ...

ငယ်ငယ်လေးကတည်းက ကိုကိုနဲ့တစ်ခါမှ ခွဲပီး မနေဖူးတဲ့အတွက် ကိုကိုမရှိတဲ့ ဒီရက်တွေဟာ ကျတော့်အတွက်တော့ ရေထဲမနေရတဲ့ ငါးလိုပါဘဲ.........

ကိုကိုနဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့တာ ပီးခဲ့တဲ့ လ က စာလေးတစ်စောင်သာ......

Memory🔙🔙🔙🔙🔙🔙🔙••••••

ဖွားဖွား!! 😰

"ဟေ မြေးလေး...ဖွားမြေးလေး
အမောသောကောနဲ့ဘာဖြစ်လာတာလဲ ဖွားကိုပြောပါဦးကွယ်"

"ဖွားဖွား😭
ကိုကို ဘယ်သွားတာလဲ ဖွား သိလား
သား တစ်ညနေလုံး ကိုကို့ ကို ဖုန်းခေါ်တာလဲမရဘူး
သူ့ကို တစ်ခုခုဖြစ်နေတာလား ဟင်"

"ဟေ မြေးလေးရယ်
ဒါနဲ့များငိုနေသေးတယ်
သူမရှိလဲ ဘာမှမဖြစ်နဲ့ အဖွားရှိတယ် လာလာ...

"ဖယ် သား နားမကပ်နဲ့ 😭
ဖွားဖွား ကိုကို့ ကိုဘာလုပ်လိုက်လဲ
ဘယ်ကို ပို့လိုက်လဲ သားမသိဘူးလို့ ဖွားထင်နေတာလား သားအကုန်သိတယ်"

🖤ကျနော် ချစ်ရသော ညီ ❤Where stories live. Discover now