Part 3

1K 63 0
                                    

🖤 ကျနော် ချစ်ရသော ညီ ❤
အပိုင်း (3)

10 နှစ် ကြာပီးနော် (10 year later)

"ဖေဖေနဲ့ မေမေ ခါ့
သား ကျောင်းသွားတော့မယ်ခါ့"

"အိုး လာပါဦး မေ့သားလေး မေမေ့ကို အာဘွားပေးပါဦး"

" ဟုတ် အာဘွား ဟဲဟဲ🥰 "

"ကဲ နန်း အိမ်မှာ တစ်ယောက်တည်း ဂရုစိုက်နော် ကိုစိတ်ချမယ် တစ်ခုခုဆို ဖုန်းဆက်နော်"

"အမလေး အကိုရယ် နေ့တိုင်းကိုမှာနေတော့တာဘဲ
သားကိုသာကျောင်းသေချာလိုက်ပို့နော် အကို"

"သား ဒီနေ့ ဖေဖေလိုက်ပို့လိမ့်မယ်နော်
ဘာကိုမှမကြောက်နဲ့ အရင်နှစ်ကသူငယ်ချင်းတွေနဲ့ဘဲ ပြန်တွေ့မှာ ဟုတ်ပီလား"

"စိတ်ချပါမေမေရဲ့ သားကလေးမဟုတ်တော့ပါဘူး"

"အိုး ငါ့သားလေးစကားတတ်နေတာကလေးဘဲရှိသေးတာကို ကို့ကိုယ်ကို လူကြီးထင်နေသလား ကိုတော်ချောရဲ့"

"သားကလူကြီးပါဘဲဖေဖေရဲ့
အလယ်တန်းတောင်ရောက်နေပီ
သားလူကြီးမြန်မြန်ဖြစ်ပီးမေမေ့ကိုစောင့်ရှောက်ရမယ်လေ"

"အမလေး စကားတွေတတ်နေလိုက်တာ
ဒါမှ ဖေ့သားကြီး လာ လာ သွားရအောင် သား"

"ဖေဖေ ခဏ သားဖွားဖွားကြိး ကိုသွားကန်တော့လိုက်ဦးမယ် "

"ဖွားဖွားဆီ မသွားနဲ့တော့သားလေး ကျောင်းနောက်မယ်လေ"
"အချိန်ရပါသေးတယ်ဖေဖေရဲ့ ခဏလေးပါဘဲနော် "

"သား ချော်လဲမယ်ဖြေးဖြေးသွား"
"ဟုတ် မေမေ"

"အကိုခမ်း အဆင်ပြေပါ့မလား သားလေး
"နေ နေ ကိုလိုက်သွားလိုက်မယ် စိတ်မပူနဲ့နော်"

🖤🖤🖤🖤🖤🖤🖤🖤🖤🖤

*နှစ်တွေကြာခဲ့ပါပီ အရာရာမေ့မယ်ဆို မေ့လို့တဲ့အချိန်ပေါ့ ဒါပေမဲ့ ကျနော့်အမေကတော့ မရခဲ့ပါ နှစ်တွေကြာသည့်တိုင် သားငယ်လေး အပေါ်သူစိမ်းဆန်တုန်းဘဲ Perth ကသူ့မြေးမဟုတ်ဘူးတဲ့လေ

ကလေးစိတ်ဓာတ်ကျမှာစိုးလို့ ကျနော်တို့ကတော့ နည်းအမျိုးမျိုးနဲ့ စိတ်ကျေနပ်အောင်လှည့်ပြောနေပေမဲ့ သားငယ်က အကင်းပါးတယ် တတ်လွယ်တယ် အသက်ကလေးသာငယ်တာ စိတ်ဓာတ်ကလူကြီးလေးလို သူ့အဖွားကို အပြစ်မမြင်ခဲ့ဘူး ဒါမျိုးတွေမြင်လေ ကျနော် သားအတွက် စိတ်မကောင်းလေဘဲ အခု လိုချိန်တွေ ပိုဆိုးတာပေါ့............

🖤ကျနော် ချစ်ရသော ညီ ❤Where stories live. Discover now