Part 2

1.2K 68 1
                                    

🖤 ကျနော် ချစ်ရသော ညီ ❤
အပိုင်း(2)

ဒီနေ့ဆို ကျနော့်နန်း ဆေးရုံတတ်တာ 2 ပါတ်ပြည့်ပီ ဆရာကတော့ သက်သာပီမို့ ဆေးရုံက ဆင်းခိုင်းပေမဲ့ ကျနော်က စိတ်မချလို့ 1 ရက် 2 ရက် လောက်ထပ်နေဖို့ ခွင့်တောင်းခဲ့တယ်လေ

ဒီအတောအတွင်းတော့ အိမ်ကို ဖုန်းဆက်ပေမဲ့ အမေ ကတော့ ဖုန်းလုံးဝ မကိုင်ခဲ့ပါ အမေ နေမှကောင်းရဲ့လားလို့တော့ စိတ်ပူမိတယ်
ဒါပေမဲ့ လေးလေး ရှိတဲ့အတွက် အမေ့ တွက် စိတ်ချရပါတယ်လေ

"သက်သာရဲ့လား မမနန်း"
"ဟုတ်ကဲ့ ဆရာမ အများကြီးသက်သာပါတယ်"

"အင်း ဒီနေ့ဆင်းမယ်ဆို ဆင်းလို့ရတယ်နော်
ဒါပေမဲ့ မနန်း ခင်ပွန်းက စိတ်မချလို့ ရက်အနည်းငယ်လောက် ထပ်နေဦးမယ်တဲ့"

"ဟုတ်ကဲ့ဆရာမ"
"မနန်း တို့ အရမ်းကံကောင်းတယ်နော်
အရမ်း ကြင်နာတတ်တဲ့ ယောက်ျားကောင်းကိုရထားတာ မနန်း သတိလစ်နေတုန်းကလေ သူ မနန်းကို အရမ်းစိုးရိမ်နေတာ သိလား"

"ဟုတ် သိပါတယ် ဆရာမ ရယ် သူက ကျမပေါ် အရမ်းကို ကောင်းလွန်းတဲ့ယောက်ျားတစ်ယောက်ပါ နန်း ကသာ တာဝန် မကျေတဲ့......

"အော် နန်း နိုးပီလား
"အော် ပြောရင်းရောက်လာပီ
ကဲလူနာရှင်ပြန်လာပီဆိုတော့
ဆရာမကိုခွင့်ပြုဦးနော်"

"ဟုတ် ကျေးဇူးပါ ဆရာမ
နန်း ဒီမယ် ကို နန်းကြိုက်တဲ့ မုန့်သွားဝယ်နေတာ နန်း အိပ်ယာနိုးတာနဲ့ စားရအောင်လေ"

"အကိုခွန်း 😥
"အို ဘာတွေဖြစ်လို့လဲ ဟင် နန်း ငိုနေတာလား
ပြစမ်း
"ဟင့်အင်း အကို ဒီတိုင်းလေး အကို့ရင်ခွင်ထဲနေပါရစေ ခဏလေးပါနော်

"အော် နန်းရယ် ကို့ရဲ့အချစ်ဆုံးလေး ဂျီကျနေပြန်ပီ မော့ပါဦး ကိုနန်းမျက်နှာလေးမြင်ချင်လို့"

"ဟင့်အင်း နန်းဒီတိုင်းလေးနေပါရစေ ခဏလေးပါဘဲ"

"ဒါပေမဲ့ ကိုက နန်းမျက်နှာလေးကြည့်ချင်လို့လေ နန်းကို ကိုနမ်းချင်လို့ကို...

မျက်နှာကြည့်မယ်ဆိုတော့ မော့မလာတဲ့ကျနော် ဇနီးချောလေးက သူ့ကိုနမ်းချင်လို့ လို့ ပြောလိုက်တော့ ရှက်ကိုးရှက်ကန်းနဲ့ လူကိုမော့ကြည့်လာတယ် သူ့ရင်ထဲမှာ ဘာတွေခံစားရလဲဆိုတာ မမေးဘဲနဲ့သိနေတယ်လေ

🖤ကျနော် ချစ်ရသော ညီ ❤Where stories live. Discover now